ချောက်မြို့၌ မီး​ဘေးကြိုတင်ကာကွယ်​ရေး အသိပညာ​ပေး​ဟော​ပြောပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ချောက်မြို့၌ မီး​ဘေးကြိုတင်ကာကွယ်​ရေး အသိပညာ​ပေး​ဟော​ပြောပွဲကျင်းပ




MNP  -   ဖေ​ဖော်ဝါရီ ၂၇

မ​ကွေးတိုင်း​ဒေသကြီး၊​ ချောက်ခရိုင်၊​ ချောက်မြို့နယ် အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန အစည်းအ​ဝေးခန်းမ၌ ယ​နေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ်မီးသတ်တပ်ဖွဲ့မှ မီး​ဘေးကြိုတင်ကာကွယ်​ရေး အသိပညာ​ပေး​ဟော​ပြောပွဲကျင်းပခဲ့သည်။


ရှေးဦးစွာ မြို့နယ်မီးသတ်တပ်ဖွဲ့ ဦးစီးအရာရှိ ဦးသိန်း​ဇော်ဝင်းက မီးသတ်ဦးစီးဌာန၏ ရည်မှန်းချက်တာဝန် (၄) ရပ်ဖြစ်​သည့် မီး​ဘေးလုံခြုံ​ရေး၊ သဘာဝဘေး အန္တရာယ်ကာကွယ်​ရေး၊ ရှာ​ဖွေကယ်ဆယ်​ရေး၊ ပြည်သူ့အကျိုးပြု​ဆောင်ရွက်​ရေးလုပ်ငန်းများအားလည်း​ကောင်း၊ မီး​လောင်ကျွမ်းခြင်းအ​ကြောင်းအရင်းများ၊ မီးအတန်းအစားခွဲခြားခြင်း၊ အ​ခြေခံမီးငြှိမ်းသတ် နည်း(၃)နည်း၊ မီးသတ်ယာဥ်စက်များ အချိန်မီငြှိမ်းသတ်နိုင်ရန်​ဆောင်ရွက်​နေမှုများ၊ လျှပ်စစ်မီး​လောင်မှုဖြစ်ပွားရသည့် အကြောင်းအရင်းအချက်အလက်များ၊ လျှပ်စစ်မီး​လောင်လျှင် ​ရှောင်ကျဥ်ရမည့်အချက်များ၊ မီးငြှိမ်းသတ်ခြင်းစနစ်များ၊ မီးသတ်​ဆေးဘူးအမျိုး အစားများနှင့်အသုံး ပြုပုံတို့အားလည်း​ကောင်း၊ မီး​လောင်မှုဖြစ်ပွားပါက​ဆောင်ရွက်ရမည့်အချက်များ၊ မီး​ဘေးအန္တရာယ်ကြုံ​တွေပါက အမြန်ဆုံးဆက်သွယ်အ​​ကြောင်းကြားနိုင်သည့် ဖုန်းနံပါတ်များကိုလည်း​ကောင်းအသိပညာ​ပေး​ဟော​ပြောခဲ့ပြီး တက်​ရောက်လာသူများအား မြို့နယ်မီးသတ်တပ်ဖွဲ့မှ မီး​ဘေးလုံခြုံ​ရေးအသိပညာ​ပေးစာ​စောင်များ ဖြန့်​ဝေ​ပေးအပ်ခဲ့သည်။


အဆိုပါအသိပညာ​ပေး​ဟောပြောပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဌေးကျော်နှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်​ရေးမှူးများ တက်​ရောက်ခဲ့​ကြောင်း သိရသည်။


​ကျော်မိုး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)