ထန်တလန်မြို့နယ်ရှိ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးအား CDF အမည်ခံ အကြမ်းဖက်သမားများက အင်အားအလုံးအရင်းဖြင့် တိုက်ခိုက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထန်တလန်မြို့နယ်ရှိ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးအား CDF အမည်ခံ အကြမ်းဖက်သမားများက အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်


MNP ၊ ဖေဖော်ဝါရီ ၉       

ချင်းပြည်နယ်၊ ထန်တလန်မြို့သို့ CNF အကြမ်းဖက်အဖွဲ့နှင့် CDF အမည်ခံ အကြမ်းဖက်အဖွဲ့များ၏ မကြာခဏ ပစ်ခတ်မှု၊ ဝင်ရောက်မီးရှို့မှုစသည့် အကြမ်းဖက် လုပ်ရပ်များ လုပ်ဆောင်မှုကြောင့် မြို့နေပြည်သူအချို့အနေဖြင့် မြို့မှယာယီ တိမ်းရှောင်သွားခဲ့ရာ ကျန်ရှိသော မြို့ခံပြည်သူလူထုအချို့နှင့် ယာယီတိမ်းရှောင်နေ သူများ၏ အိုးအိမ်အဆောက်အဦများကို မပျက်စီးအောင် ထိန်းသိမ်းစောင့်ရှောက် လျက်ရှိသည့် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့် မြို့၏တောင်ဘက်ရှိ လုံခြုံရေးတပ်စခန်းတို့ကို ဖေဖော်ဝါရီ ၈ ရက် ည ၁၀ နာရီမှ စတင်ကာ ယနေ့နံနက်ပိုင်းအထိ CDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ကြီး၊ လက်နက်ငယ်များ အသုံးပြု၍ အင်အား အလုံးအရင်းဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။


မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ဝင်များသည် ရွပ်ရွပ်ချွံချွံဖြင့် အပြင်းအထန် ပြန်လည်ခုခံတိုက်ခိုက်ခဲ့သော်လည်း အကြမ်းဖက်အဖွဲ့၏ သာလွန်အင်အားဖြင့် တိုက်ခိုက်ခြင်း၊ ရဲတပ်ဖွဲ့ဝင်များ ဒဏ်ရာရမှု များလာခြင်းတို့ကြောင့် ယနေ့နံနက်၂ နာရီခန့်တွင် မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ဝင်များသည် လေကြောင်းပစ်ကူနှင့် အမြောက်ပစ်ကူများ ရယူကာ စနစ်တကျဖြင့် ဆုတ်ခွာခဲ့ပြီး မြို့တောင်ဘက်ရှိ လုံခြုံရေးတပ်စခန်းသို့ အောင်မြင်စွာ သွားရောက်ပူးပေါင်းနိုင်ခဲ့သည်။


ပစ်ခတ်တိုက်ခိုက်မှု ဖြစ်စဉ်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တချို့ ကျဆုံး၊ ဒဏ်ရာရရှိခဲ့ပြီး ပြုပြင်ရန်လိုအပ်သည့် လက်နက်ငယ်အချို့ ဆုံးရှုံးခဲ့ရသည်။ အဆိုပါ မြို့နယ်ရဲစခန်းအား ပြန်လည်သိမ်းပိုက်နိုင်ရေးနှင့် မြို့လုံခြုံရေးအတွက် တပ်မတော် စစ်ကူစစ်ကြောင်းများက ယနေ့ညနေပိုင်းတွင် ထန်တလန်မြို့သို့ ရောက်ရှိ စုဖွဲ့လျက်ရှိပြီး ရဲတပ်ဖွဲ့မှူးစခန်းအား ပြန်လည်သိမ်းပိုက်နိုင်ရေးနှင့် ထန်တလန်မြို့ အတွင်း အကြမ်းဖက်မှု ချေမှုန်းရေးစစ်ဆင်မှု (Counter-Terrorism Operation) အတွက် လိုအပ်သည်များ စီမံဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)