MNP - ဖေဖော်ဝါရီ ၁
ရခိုင်ပြည်နယ်၊ အမ်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Commmunity Cen tre)ခန်းမတွင် လူငယ်နှင့် မူး ယစ်ဆေးဝါး ခေါင်းစဥ်ဖြင့် ဟော ပြောပွဲကို ယမာန်နေ့ ညနေချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် စာပေချစ်မြတ်နိုးသူ လူငယ်များ ကာယ၊ ဉာဏ၊ စာရိ တ္တများ ဘက်စုံဖွံ့ ဖြိုးတိုးတက်စေရန် ရည် ရွယ်၍ မြို့နယ်ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစန်းဝင်းက စာပေ မြတ်နိုးသူ Book Club အသင်း ဝင် လူငယ်များအား စာဖတ်ရှိန် မြှင့်တင်နိုင်ရေး အတွက် စာအုပ်စာစောင်ပြပွဲများ၊နံရံကပ်စာစောင်နှင့်ဓာတ်ပုံပြပွဲများ၊ဖတ်ဝိုင်းများ၊ ဟောပြောပွဲများ ကျင်းပပေးရခြင်းရည်ရွယ်ချက်နှင့် အနာဂတ်မျိုး ဆက်သစ်လူငယ်များ မူးယစ်ဆေးဝါးအန္တ ရာယ်မှ ကင်းဝေးရန် မူးယစ်ဆေးဝါးဆိုးကျိုးများ၊ မူးယစ်ဆေးဝါးသုံးစွဲမှုမြင့်တက်လာပြီး စာရိတ္တမဏ္ဍိုင်ယိမ်းယိုင်လာကာ မှုခင်းများဖြစ်ပေါ် လာပုံများကိုဆွေးနွေး ဟောပြောခဲ့သည်။
ထို့နောက် စာပေမြတ်နိုးသူ Book Club အသင်း ဝင် ကျောင်းသား ကျောင်းသူများကမူးယစ်ဆေး ဝါး၏ သားကောင်ဖြစ်နေသည့် လူငယ်များကို မည်ကဲ့သို့ လမ်းမှန်ပေါ်ပြန်လည်ခေါ်ဆောင်ရန်၊ မူးယစ်ဆေးဝါးအန္တရာယ်ကိုထိရောက်စွာတိုက်ဖျက်နိုမ်နှင်းနိုင်ရန်နှင့် သိရှိလိုသည့်အကြောင်းအရာ အချက်အလက်များကို မေး မြန်းရာ မြို့နယ်ဦးစီးမှူးက ပြန် လည် ဆွေးနွေးဖြေကြားခဲ့ကြောင်း သိရသည်။
စိုးမင်းထွန်း
https://t.me/MyanmarNationalPost



No comments:
Post a Comment