ရေဖြူမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center)တွင် ကိုဗစ်ရောဂါကာကွယ်ဆေး ကွင်းဆင်းထိုးနှံ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရေဖြူမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center)တွင် ကိုဗစ်ရောဂါကာကွယ်ဆေး ကွင်းဆင်းထိုးနှံ



MNP   -    ဖေဖော်ဝါရီ  ၂၃

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်မျိုးစိတ်သစ်ဖြစ်သည့် BA.4နှင့်BA.5 ကူးစက်ဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန် ယနေ့နံနက်(၉)နာရီ၌ ရေဖြူမြို့၊ လူထုအခြေပြုပြုဗဟိုဌာန (Community Center)တွင် (က)ရပ်ကွက်‌ေန ကျောင်းပြင်ပအသက်(၅)နှစ်မှ(၁၅)နှစ်အရွယ် ကလေးငယ်များအား ကိုဗစ်ကာကွယ်ဆေး ကွင်းဆင်းကာ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။


အဆိုပါ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းတွင် ကာကွယ်ဆေးလာရောက်ထိုးနှံသူများအား ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းခြင်းများ ဆောင်ရွက်ပြီး ကျန်းမာရေး ကောင်းမွန်သူများအား ရေဖြူမြို့နယ် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက စနစ်တကျ ထိုးပေးလျက်ရှိကြောင်း သိရသည်။


ထိုသို့ ကာကွယ်ဆေးထိုးနှံခြင်းကို ရေဖြူမြို့နယ်၊မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးဇင်လင်းနိုင်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


ခတ္တာ

 https://t.me/MyanmarNationalPost



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)