ရသေ့တောင်မြို့၊လူထုအခြေပြုဗဟိုဌာန Community Center ခန်းမ၌စစ်တုရင်ပြိုင်ပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရသေ့တောင်မြို့၊လူထုအခြေပြုဗဟိုဌာန Community Center ခန်းမ၌စစ်တုရင်ပြိုင်ပွဲ ကျင်းပ



MNP   -   ဖေဖော်ဝါရီ ၂၂

   ရခိုင်ပြည်နယ် ၊ စစ်တွေခရိုင် ၊ရသေ့တောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊လူထုအခြေပြု ဗဟိုဌာန Community Center ခန်းမတွင် စစ်တုရင်ပြိုင်ပွဲကို ယနေ့ နေ့လည်(၁) နာရီအချိန်က ကျင်းပ ပြု လုပ်ခဲ့ကြောင်း သိရသည်။ 


ရှေးဦးစွာ  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်တင်ဇာဦးက စစ်တုရင်ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကိုပြောကြားပြီး ပြိုင်ပွဲ၏ စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။


 စစ်တုရင်ပြိုင်ပွဲကို Grade 5ကျောင်းသူ ၆ဦးမှ ဝင်ရောက်ယှဉ်ပြိုင်သွားပြီး စစ်တုရင်ကစားနည်းသည် လူငယ်များ၏ စဉ်းစားတွေးခေါ်နိုင်မှုနှင့် ဉာဏ်ရည်ဉာဏ်သွေးကို တိုးတက်စေခြင်း၊ စိတ်ပိုင်းဆိုင်ရာကြံ့ခိုင် ခြင်းကို အထောက်အကူပြုစေသည့် အားကစားနည်းတစ်မျိုးဖြစ်သည်။ 


ထိုပြိုင်ပွဲများ ကျင်းပပြုလုပ် ပေးခြင်းသည်စာကြည့်တိုက်နှင့် ရင်းနှီးမှုရှိစေရန်ရည်ရွယ်ပြီး ကျင်းပပြုလုပ်ပေး ခြင်းဖြစ်၍  ဆုရရှိ သူများကို တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့‌‌ကြသည်။


ထွန်းလင်းကျော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)