ပုဏ္ဏားကျွန်းမြို့ Community Centre ခန်းမ၌ “လူငယ်နှင့်စာပေ” အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပုဏ္ဏားကျွန်းမြို့ Community Centre ခန်းမ၌ “လူငယ်နှင့်စာပေ” အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ


MNP   -  ဖေဖော်ဝါရီ ၂၂

   ယနေ့ခေတ်လူငယ်များ စာပေကိုချစ်မြတ်နိုးတတ်စေရန်နှင့်စာအုပ် စာပေများကို ပိုမို ဖတ်ရှုလေ့လာစေရန်ရည်ရွယ်၍ “လူငယ်နှင့်စာပေ”ခေါင်းစဉ်ဖြင့် အသိ ပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့၊ နံနက် ၁၀ နာရီက ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ကျင်းပခဲ့သည်။


   ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုဏ္ဏားကျွန်းမြို့ နယ်ရုံးမှ ဦးစီးအရာရှိ ဦးအောင်ဆွေက အသိပညာပေး Talk Show ဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်တို့ကို ရှင်းလင်းပြောကြားပြီးနောက် ရုပ်သံကျွမ်းကျင်(၃) ဦးထွန်းစိန်ချေက လူငယ်များ စာပေဖတ်ရှုခြင်းဖြင့် လူငယ်များ၏ လှပသောအနာဂတ်ဘဝများကို ပိုင်ဆိုင် ခွင့် ရရှိနိုင်မှုအခြေနေတို့ကို မေးမြန်းဆွေးနွေးခဲ့ရာ ဦးစီးအရာရှိ ဦးအောင်ဆွေက ကလေးသူငယ် ဘဝ၊ လူရွယ်၊ လူလတ် ၊ လူကြီးဘဝ စသည့်သက်တမ်းတစ် လျှောက်တွင် ရုပ်အာဟာရအတွက် 

အစာကိုမှီဝဲစားသုံးရသလို စိတ်အာဟာရအတွက်လည်း စာပေကို ဖတ်ရှုလေ့လာကြရမည်။ စာပေဖတ်ရှုခြင်းဖြင့် ဘဝအလှတန်ဆာကို ပေါ်လွင်စေသည့် စွမ်းရည်သတ္တိများ ရရှိသကဲ့သို့ ကျောင်းသားလူငယ်အရွယ်မှစ၍ စာပေဖတ်ရှုလေ့လာတတ်သည့် အလေ့အထကောင်းများကို လေ့ကျင့်ပျိုးထောင်ပေး

ရမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။


ပုဏ္ဏားကျွန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများအား အသိပညာဗဟုသုတများတိုးပွားလာစေရန်ရည်ရွယ်၍ Talk Show ဆွေးနွေးပွဲတို့ကို လစဉ် We Love Ponnagyn Page တွင် စဉ်ဆက်မပြတ် လွှင့်တင်ပေးလျက်ရှိကြောင်းသိရသည်။


နီထွန်းအောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)