ရမ်းဗြဲမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ပြုလုပ်ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ရမ်းဗြဲမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ပြုလုပ်ဆောင်ရွက်


MNP  -   ဖေဖေါ်ဝါရီ ၄

ရခိုင်ပြည်နယ်၊ရမ်းဗြဲမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီဌာနတို့ ပူးပေါင်း၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ပြုလုပ်ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ပြုလုပ်ဆောင်ရွက်ကြသည်။


ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရမ်းဗြဲမြို့နယ်ရုံးက ဦးစီးအရာရှိ ဒေါ်အောင်တင်ကြည်က မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။


ယင်းနောက် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူဦးမြင့်ဝေက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မီးသတ်ဦးစီးဌာန၏ ရည်မှန်းချက်တာဝန်(၄) ရပ်ဖြစ်သော မီးဘေးလုံခြုံရေး၊ ရှာဖွေကယ်ဆယ်ရေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေးစသည့် ရည်မှန်းချက်တာဝန်များကို အကောင်အထည်ဖေါ်ဆောင်ရွက်လျက်ရှိကြောင်း၊ ခြောက်သွေ့ရာသီရောက်ရှိလာပြီဆိုလျှင် မီးသတ်ဦးစီးဌာနအနေဖြင့် မြို၊ ရပ်ကွက်၊ ကျေးရွာများ၌ တစ်အိမ်တက်ဆင်း မီးဘေးကြိုတင်ကာကွယ်ရေးအတွက် စစ်ဆေးဆောင်ရွက်လျက်ရှိပြီး ပြည်သူများ မီးဘေးကြိုတင်ကာကွယ်နိုင်ရေးအတွက် အသံချဲ့စက်ဖြင့် လှည့်လည်အသိပညာပေး ဆော်ဩလျက်လည်းရှိပါကြောင်းနှင့် အများပြည်သူများနှင့်သက်ဆိုင်သော အလုပ်ရုံ၊ စက်ရုံ၊ ရုံးဌာနများနှင့် စာသင်ကျောင်းများကို လည်းကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပြီး အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း မီးသတ်ဦးစီးဌာန၏ဆောင်ပုဒ်ဖြစ်သော မိုးမှာလေ့ကျင့်ဆောင်းမှာစစ်ဆေး၊ နွေမှာအသင့်ရှိ ဆောင်ပုဒ်နှင့်အညီဆောင်ရွက်ပေးလျက်ရှိပြီး မီးဘေးအန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် ပြည်သူများအနေဖြင့် မီးသတ်ဦးစီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းများနှင့်တာဝန်များကို သိရှိလိုက်နာဆောင်ရွက်ကြပါက မီးဘေးအန္တရာယ်မှ ကင်းဝေးကြမည်ဖြစ်ကြောင်း ဆွေးနွေးပေးခဲ့ကြောင်းသိရသည်။


အောင်နိုင် 

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)