မိုင်းတုံမြို့ လူထုအခြေပြုဗဟိုဌာနရှိ Community Centre ခန်းမ၌ (၇၆)နှစ်မြောက် ပြည်‌ထောင်စုနေ့ကို အကြိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာအသိပညာပေး Talk Show ဆွေးနွေးပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မိုင်းတုံမြို့ လူထုအခြေပြုဗဟိုဌာနရှိ Community Centre ခန်းမ၌ (၇၆)နှစ်မြောက် ပြည်‌ထောင်စုနေ့ကို အကြိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာအသိပညာပေး Talk Show ဆွေးနွေးပွဲ ကျင်းပ


MNP   -  ဖေဖော်ဝါရီ ၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယမန်နေ့ည‌နေပိုင်းက (၇၆)နှစ်မြောက် ပြည်‌ထောင်စုနေ့ကို အကြိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုနေ့ ကြောင်းသိကောင်းစရာအသိပညာပေးTalk Show ဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာဆွေးနွေးပွဲတွင် မိုင်းတုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အငယ်တန်းစာရေး ဒေါ်‌ရွှေမြင့်ဇင်က (၇၆) နှစ်မြောက် ပြည်‌ထောင်စုနေ့ကို အကြိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုနေ့အကြောင်းသိကောင်းစရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပရခြင်း၏ ရည်ရွယ် ချက်ကိုပြောကြားပြီးနောက် ဒုတိယဦးစီးမှူး ဒေါ်သီတာအေးက ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံကို အကျယ်တဝင့် ဆွေးနွေးပြောကြား‌ခဲ့သည်။


ယင်း Talk Show ဆွေးနွေးပွဲကို ပြည်သူများ ကြည့်ရှုလေ့လာမှတ်သားနိုင်စေရေးအတွက် Online မှတဆင့် စဉ်ဆက်မပြတ် ထုတ်လွှင့်ပြသပေးလျက်ရှိရာ We Love Mong Tong Facebook Page တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ကြောင်း သိရှိရသည်။


ဝင်းဝင်းခိုင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)