MNP - ဖေဖော်ဝါရီ ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် လေထုညစ်ညမ်းမှုအန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show ကို ယနေ့နံနက် ၁၀နာရီအချိန်က ကျင်းပခဲ့သည်။
ရှေးဦးစွာ ကျောက်မဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နှင်းရည်က Talk show ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ကျောက်မဲခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူးရုံးမှ ဒုတိယဦးစီးမှူး ဒေါ်မေရီမောင်းမြူးစံက လေထုညစ်ညမ်းမှုအဓိပ္ပာယ်၊ လေထုညစ်ညမ်းမှု အမျိုးအစားများအကြောင်း၊ လေထုညစ်ညမ်းမှုကိုဖြစ်စေသောအကြောင်းအရင်းများ၊ လေထုညစ်ညမ်းမှု၏ နောက်ဆက်တွဲဆိုးကျိုးများ၊ လေထုညစ်ညမ်းမှုလျော့ချရန် ဆောင်ရွက်ရမည့် အချက်များကို အသေးစိတ် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ကျောက်မဲခရိုင်၊ ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ ဗဟုသုတရရှိစေရန် ရည်ရွယ်ပြီး ဌာနဆိုင်ရာများ၊ တတ်သိပညာရှင်များနှင့်ချိတ်ဆက်၍ အသိပညာပေး Talk show ကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် အဆိုပါ ဆွေးနွေးချက်ရုပ်သံအပြည့်အစုံကို ကျောက်မဲခရိုင် ပြည်သူ့စာကြည့်တိုက် page တွင် လွှင့်တင်ပေးခဲ့ကြောင်း သိရသည်။
မိုင်းထွန်း
https://t.me/MyanmarNationalPost

No comments:
Post a Comment