လပွတ္တာခရိုင် Community Centre ခန်းမတွင် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး Talk Show ပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

လပွတ္တာခရိုင် Community Centre ခန်းမတွင် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး Talk Show ပြုလုပ်


MNP   -   ဖေဖော်ဝါရီ   ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပူးပေါင်း၍ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး (Talk Show) ကို ယနေ့နံနက် (၁၀) နာရီအချိန်က ပြုလုပ်သည်။


အဆိုပါ အသိပညာပေး Talk Show တွင် လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်မောင်ဦးက လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးနှင့် ပတ်သတ်ပြီး ဆောင်ရွက်နေသည့်လုပ်ငန်းများကို  မေးမြန်းရာ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းကျော်ဖြိုးက ကလေးသူငယ်များအား ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း၊ စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း၊ လျစ်လျူရှုခြင်း (Neglect)၊ ခေါင်းပုံဖြတ်ခြင်း (Exploitation)၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပါပြစ်မှုနှင့်ပြစ်ဒဏ်များ စသည့် အကြောင်းအရာများကို ရှင်းလင်းဆွေးနွေး ပေးခဲ့ကြသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)