MNP - ဖေဖော်ဝါရီ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊တွံတေးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန ( Community Centre) ၌မြို့နယ်အမျိုးသမီးရေးရာအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းကကျင်းပခဲ့ကြောင်းသိရသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ(ကိုယ်စား) အတွင်းရေးမှူးဒေါ်သန်းသန်းအေးက အဖွင့်အမှာစကားပြောကြားရာတွင် အမျိုးသမီးကဏ္ဍ ဖွံဖြိုးတိုးတက်ရေး၊ ရှေ့လုပ်ငန်းစဉ် များပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းများ ရှင်းလင်းပြောကြားပြီး အဖွဲ့ဝင်များက မိမိတို့ဆောင်ရွက်နေ
သည့် လုပ်ငန်းများ၏ အားသာချက်၊အားနည်းချက်များ တင်ပြဆွေးနွေးခဲ့ကြသည်။ ယင်းနောက်အမျိုးသမီးရေးရာအဖွဲ့အတွင်းရေးမှူးဒေါ်သန်းသန်းအေး ကပူးပေါင်းဆောင်ရွက်နိုင်ရေးညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
https://t.me/MyanmarNationalPost


No comments:
Post a Comment