MNP - ဖေဖော်ဝါရီ ၁၆
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့၌ မြန်မာ-ရုရှား နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးမှတ်တမ်းဓာတ်ပုံများကို နံရံကပ်ပြဘုတ်ဖြင့် ပြသ ခြင်းကို ယနေ့ ရက်နံနက် ၉ နာရီခွဲအချိန်က ပြသထားကြောင်းသိရသည်။
အဆိုပါ မြန်မာ-ရုရှားနှစ်နိုင်ငံ သံတမန်ဆက်ဆံရေးမှတ်တမ်းဓာတ်ပုံများတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ရုရှားသမ္မတတို့၏ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နေသော မှတ်တမ်းဓာတ်ပုံများ၊ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် နိုင်ငံတော်သမ္မတဦးထင်ကျော်တို့၏ နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ထူထောင်ရေးအထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံများ၊ နှစ်နိုင်ငံအကြီးအကဲတွေ့ဆုံမှုမှတ်တမ်းဓာတ်ပုံများ စုစုပေါင်း (၂၀) ပုံ တို့ကို လာရောက်ကြည်ရှုကြသော ဒေသခံပြည်သူများက စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။
ဇော်ဝင်းအောင်
https://t.me/MyanmarNationalPost


No comments:
Post a Comment