MNP - ဖေဖော်ဝါရီ ၁၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ကူမဲမြို့တွင် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အရှိန်ဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၉)နာရီအချိန်က ကူမဲမြို့ပေါ်ရှိ စက်သုံးဆီ အရောင်းဆိုင်များ၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထို့သို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြစ်သားမြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်မင်းကျော်နှင့်ဝန်ထမ်းများက ဦးဆောင်၍ ဌာနဆိုင်ရာဝန်ထမ်းများက ကူမဲမြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များ၌ မီးလန့်မှုမီးလောင်မှုများ မဖြစ်ပွားစေရေး၊ မီးဘေးသတိရှိရေး၊ မီးဘေးကြိုတင် ကာကွယ်ရေးအတွက် မီးရေများ၊ မီးသတ်ဆေးဘူးများ အဆင့်သင့်ထားရှိရန်နှင့် မီးသတ်ဆေးဘူးများ စနစ်တကျပြင်ဆင်ထားရှိမှု လေပေါင် ရှိ/မရှိတို့ကို စစ်ဆေးကာ မီးဘေးလုံခြုံရေးဆိုင်ရာတို့ကို စစ်ဆေးခဲ့ ကြောင်း သိရသည်။
သီတာအောင်
https://t.me/MyanmarNationalPost

No comments:
Post a Comment