ကျိုက်လတ်မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေ ပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျိုက်လတ်မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေ ပေးအပ်



MNP   -  ဖေဖော်ဝါရီ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနက မြို့နယ်အတွင်းရှိ အသက် (၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား ၂၀၂၂- ၂၀၂၃ ဘဏ္ဍာရေးနှစ် တတိယသုံးလပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလ)အတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲ (၁)နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ် ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းအောင်က မြို့နယ်အတွင်းရှိ ကျေးရွာ အုပ်ချုပ်ရေးမှူးများအနေဖြင့် ယခုလွှဲပြောင်းပေးအပ်သည့် လူမှုရေးပင်စင် ထောက်ပံ့ငွေများကို ဘိုးဘွားများ လက်ဝယ်အရောက် အမြန်ဆုံး လိုက်လံထောက်ပံ့ပေးနိုင်ရေး ဆွေးနွေးမှာကြားခဲ့သည်။ ဆက်လက်၍ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ယုဇာလင်း တို့က ကျိုက်လတ်မြို့နယ် ရပ်ကွက်၊ ကျေးရွာအုပ်စုများအတွင်းရှိ အဘိုး(၃၀၉)ဦး၊ အဘွား(၄၇၈)ဦး၊ စုစုပေါင်း(၇၈၇)ဦး အတွက်  လူမှုရေးပင်စင် ထောက်ပံ့ငွေ တစ်ဦးလျှင် သုံးလစာ (၃၀၀၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်းငွေ (၂၃၆၁၀၀၀၀)ကျပ်အား ရပ်ကွက်၊ ကျေးရွာအုပ်စု တာဝန်ရှိသူများထံသို့ စနစ်တကျ  လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။


ရီရီမြင့်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)