ကျွန်းလှမြို့နယ်၌ လ/ ထ မူလတန်းပြဆရာ၊ ဆရာမများ လုပ်ငန်းခွင်အကြို ရက်တိုသင်တန်းဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျွန်းလှမြို့နယ်၌ လ/ ထ မူလတန်းပြဆရာ၊ ဆရာမများ လုပ်ငန်းခွင်အကြို ရက်တိုသင်တန်းဖွင့်လှစ်



MNP   -  ဖေဖော်ဝါရီ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ လက်ထောက်မူလတန်းပြဆရာ၊ ဆရာမများ လုပ်ငန်းခွင်အကြို ရက်တိုသင်တန်းကို ယမန်နေ့နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း (ကျွန်းလှ) ခန်းမ၌ ဖွင့်လှစ်ကြောင်း သိရသည်။


သင်တန်းဖွင့်ပွဲတွင် ကျွန်းလှမြို့နယ် ဒုတိယပညာရေးမှူး ဦးစိုးထွန်းနိုင်က ဆရာ၊ ဆရာမများအနေဖြင့် သင်တန်းနည်းပြများ ပို့ချသည့်ဘာသာရပ်များအား စိတ်ပါဝင်စားစွာ လေ့လာမှတ်သားကြရန် အဖွင့်အမှာစကားပြောကြားသည်။


အဆိုပါ သင်တန်းတွင် နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေနှင့် ကျင့်ဝတ်များ၊ ပညာရေးမူဝါဒများ၊ မူလတန်းသင်ရိုးသစ် ဘာသာရပ်များသင်ကြားမည်ဖြစ်ကြောင်း၊ သင်တန်းသား၊ သင်တန်းသူ (၁၁) ဦးတက်ရောက်ကြပြီး သင်တန်းကာလမှာ (၅) ရက်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


မျိုးဝင်းညို 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)