မိုင်းငေါ့မြို့၌ “လူငယ်နှင့်အနာဂတ်” ခေါင်းစဉ်ဖြင့် လူငယ်ရေးရာ အသိပညာပေး Talk Show ပြုလုပ်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းငေါ့မြို့၌ “လူငယ်နှင့်အနာဂတ်” ခေါင်းစဉ်ဖြင့် လူငယ်ရေးရာ အသိပညာပေး Talk Show ပြုလုပ်ဆောင်ရွက်


MNP  -   ဖေဖော်ဝါရီ  ၁၆

မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ “လူငယ်နှင့်အနာဂတ်”ခေါင်းစဉ်ဖြင့် လူငယ်ရေးရာအသိပညာပေး Talk Show ကို ယနေ့နံနက် (၁၀)နာရီအချိန်က လူထုအခြေပြု ဗဟိုဌာန Community Centre ရုံးခန်း၌ ကျင်းပခဲ့‌ကြောင်း သိရသည်။


အဆိုပါ ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်သွယ်နှင့် ရုပ်သံကျွမ်းကျင်-၃ ဒေါ်‌ခိုင်နှင်းဆီတို့က ယနေ့လူငယ်များသည် အနာဂတ်ခေါင်းဆောင်များဖြစ်ကြောင်း မိမိ၏အနာဂတ်ကို အကောင်းဆုံး ပုံဖော်ဆောင်ရွက်နိုင်ရန် လိုအပ်ကြောင်း၊ အမှားအမှန်၊ အကောင်းအဆိုးကို ဝေဖန်ပိုင်းခြားတတ်‌စေရန် လိုအပ်ကြောင်း၊ စာပေဗဟုသုတ အသိပညာများရရှိ‌စေရန် စာများများဖတ်ရန် လိုအပ်ကြောင်း အသိပညာနှင့်အသိတရား မြင့်မားလာဖို့ဆိုလျှင် ပြုပြင်ထိန်း‌ကျောင်းသော ဆရာနှင့် အသိတရားတိုးတက်စေမည့် စာပေများကသာ အဓိကဖြစ်ကြောင်းစသည့် အကြောင်းအရာများကို အသိပညာပေးဆွေးနွေးခဲ့ပါသည်။


မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန်အတွက် အသိပညာပေး ဆွေးနွေးပွဲ(Talk Show)များကို ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်း၍ လစဉ်ပြု လုပ်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။


မြင့်သွယ်

 https://t.me/MyanmarNationalPost



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)