MNP - ဖေဖော်ဝါရီ ၁၆
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမတွင် ခရိုင်ရုံးဝန်ထမ်းများအား စာကြည့်တိုက်လုပ်ငန်းတာဝန်များ အား သိရှိနားလည်စေရန်၊ စာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် တစ်ဦးနှင့်တစ်ဦး ဝိုင်းဖွဲ့ဆွေးနွေးခြင်းဖြင့် အတွေးအခေါ်အမြင်သစ်များအား မျှဝေတတ်စေရန် ရည်ရွယ်၍ ယနေ့ နံနက် ပိုင်းက “စာကြည့်တိုက်လုပ်ငန်း စီမံခန့်ခွဲရေးလက်စွဲစာစောင်” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ် သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက် ထောက်ညွှန်ကြားရေးမှူး ဒေါ်ချစ်ချစ်သန်းက စာကြည့်တိုက်လုပ်ငန်း ကျွမ်းကျင်မှုရှိစေရေးအတွက် သိရှိ လိုက်နာရမည့်အချက်များ၊ စာကြည့်တိုက်အား သဘာဝဘေးအန္တရာယ်မှ ကာကွယ်ထိန်းသိမ်းရန် အခြေ ခံဆောင်ရွက်ရမည့်အချက်များနှင့် စာကြည့်တိုက်ဝန်ထမ်းများ ထားရှိရမည့် ခံယူချက်၊ ယုံကြည်ချက်နှင့် ဆောင်ရွက်ချက် စသော စာကြည့်တိုက်လုပ်ငန်းဆိုင်ရာ အကြောင်းအရာများကို ဦးဆောင်ဆွေးနွေးခဲ့ သည်။
ထို့နောက် ဒုတိယဦးစီးမှူး ဒေါ်ခင်မာအောင်က ရသစာပေများ ပျောက်ဆုံးပျက်စီးမှုနှင့် ပတ် သက်၍ အစားထိုးဖြည့်တင်းခြင်း၊ စာရင်းမှပယ်ဖျက်ခြင်းဆိုင်ရာလုပ်ငန်းစနစ်များအားလည်းကောင်း၊ ရုပ်သံကျွမ်းကျင်(၃)ဦးဇော်ဇော်နိုင်က သုတစာပေများ ပျောက်ဆုံးပျက်စီးမှုအတွက် ဆောင်ရွက်မှုစနစ် အားလည်းကောင်း၊ ဒေါ်နှင်းသဇင်(ပုံနှိပ်ကျွမ်းကျင်-၅)မှ စာကြည့်တိုက်မှူး၏ အရည်အချင်းများကို လည်းကောင်း ဆွေးနွေးခဲ့ပြီး ဝန်ထမ်းများမှ သိရှိလိုသည်များအား အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ ကြကြောင်း သိရှိရသည်။
တင်ထွန်းဦး
https://t.me/MyanmarNationalPost




No comments:
Post a Comment