သန်လျင်မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာအုပ်စာစောင် ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

သန်လျင်မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာအုပ်စာစောင် ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ပြုလုပ်


MNP   -    ဖေဖေါ်ဝါရီ ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်(သန်လျင်)တွင် စာပေချစ်မြတ်နိုးသူများ၊ စာပေဝါသနာပါသူများ၊ စာအုပ်စာစောင် ဖတ်ရှုလိုသူများ၊ လူငယ်လူရွယ်များ အသိပညာ ဗဟုသုတ ရရှိစေရန်၊ ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာအုပ်စာစောင် ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ပြုလုပ်  ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထိုသို့ပြသရာတွင် ကိုဗစ်-၁၉ ဆိုင်ရာ ကျန်းမာရေး အသိပညာပေး အကြောင်းအရာများ၊ စာစောင်များ၊ လျှပ်စစ်ဓါတ်အား ခြိုးခြံချွေတာစွာသုံးစွဲရေးအသိပညာပေးများ၊ မူးယစ်ဆေးဝါး အန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး အကြောင်းအရာများကို  ပြသထားကြောင်း သိရသည်။


ထို့နောက် စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို စာပေစိတ်ဝင် စားသူပြည်သူများ၊ လူငယ် လူရွယ်များက စိတ်ပါဝင်စားစွာ လာရောက် ကြည့်ရှုလေ့လာကာ သိရှိလိုသည်များကို မေးမြန်းခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)