အခြေခံပညာ ကျောင်းသား/ကျောင်းသူများအား ပစ်မှတ်ထား မိုင်းခွဲတိုက်ခိုက်ခဲ့သည့် NLD အစွန်းရောက် PDF အကြမ်းဖက်သမားများ၏ လုပ်ရပ်အား ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း သဘောထားကြေညာချက် - Myanmar National Post

Myanmar National Post

News Agency

Breaking

အခြေခံပညာ ကျောင်းသား/ကျောင်းသူများအား ပစ်မှတ်ထား မိုင်းခွဲတိုက်ခိုက်ခဲ့သည့် NLD အစွန်းရောက် PDF အကြမ်းဖက်သမားများ၏ လုပ်ရပ်အား ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း သဘောထားကြေညာချက်

 


အခြေခံပညာ ကျောင်းသား/ကျောင်းသူများအား ပစ်မှတ်ထား မိုင်းခွဲတိုက်ခိုက်ခဲ့သည့် NLD အစွန်းရောက် PDF အကြမ်းဖက်သမားများ၏ လုပ်ရပ်အား ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း သဘောထားကြေညာချက်


ရက်စွဲ ။  ။ ၁၆-၂-၂၀၂၃

NLD အစွန်းရောက်များ ဖွဲ့စည်းထားသည့် CRPH, NUG, PDF အကြမ်းဖက်သမားများအနေဖြင့် NLD ပါတီအာဏာလက်မဲ့ဖြစ်ခဲ့ရသည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့မှ စတင်၍ ဆူပူအကြမ်းဖက်လှုံ့ဆော်မှုအမျိုးမျိုးကို လုပ်ဆောင်ခဲ့ကြပြီး ၎င်းတို့၏ သွေးထိုးလှုံ့ဆော်မှုများတွင် ပါဝင်ခြင်းမရှိသော အပြစ်မဲ့ ရဟန်းသံဃာများ၊ အစိုးရဝန်ထမ်းများ၊ ပြည်သူများကို နည်းမျိုးစုံဖြင့် ခေါင်းစဉ်အမျိုးမျိုးတပ်၍ ရက်စက်ယုတ်မာရိုင်းစိုင်းစွာ သတ်ဖြတ်မှုများ ကျူးလွန်ခဲ့ကြရာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၂၅) ရက်နေ့အထိ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူ၊ ဆရာ/ဆရာမ၊ ကလေးငယ်များ အပါအဝင် ၅၄၄၃ ဦးအထိ သေဆုံးခဲ့ရသည်။

၁၅-၂-၂၀၂၃ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း (အရာတော်)တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခန်းဆုံးစာမေးပွဲဖြေဆိုပြီး ပြန်လာသည့် ကျောင်းသား၊ ကျောင်းသူများ စီးနင်းလိုက်ပါလာသော မော်တော်ယာဉ်အား PDF အမည်ခံ အကြမ်းဖက်သမားများက အကြောင်းမဲ့ ရက်စက်စွာ မိုင်းခွဲတိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ ကျောင်းသား၊ ကျောင်းသူ ၁၀ ဦး မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့ပြီး ကျောင်းသူ ၁ ဦးသေဆုံးခဲ့ ရသည်။

ထိုသို့ အခြေခံပညာကျောင်းသားများကို ပစ်မှတ်ထားတိုက်ခိုက်သော NLD အစွန်းရောက် PDF အကြမ်းဖက်သမားများ၏ ရက်စက်ယုတ်မာရိုင်းစိုင်းသော လုပ်ရပ်မှာ လုံးဝ သည်းခံနိုင်စရာမရှိသော အကြမ်းဖက်လုပ်ရပ်ဖြစ်ပါသဖြင့် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချသည်။

အာဏာရမ္မက်ထနေသည့် NLD အစွန်းရောက်များ ဖွဲ့စည်းထားသည့် NUG၊ CRPH နှင့် ၎င်းတို့၏ လက်ဝေခံ PDF အမည်ခံအကြမ်းဖက်အဖွဲ့များသည် ၎င်းတို့အာဏာရရှိရေးအတွက် အလုံးစုံပျက်သုဉ်းရေးလမ်းစဉ်ကို ကိုင်စွဲပြီး နိုင်ငံတော်၏ အနာဂတ်ဖြစ်သောလူငယ်များ၏ ပညာရေးကဏ္ဍကို ဆင်ခြင်တုံတရားကင်းမဲ့စွာ နည်းမျိုးစုံဖြင့် နှောင့်ယှက်တိုက်ခိုက် ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့ကြသည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလကုန်အထိ NUG အဖွဲ့၏ စေခိုင်းချက်အရ PDF အမည်ခံ အကြမ်းဖက်သမားများသည် နိုင်ငံတဝှမ်းလုံးရှိ စာသင်ကျောင်း၊ တက္ကသိုလ်/ကောလိပ် များအား ဗုံးခွဲတိုက်ခိုက်မှု ၅၂၈ ကြိမ်၊ မီးရှို့ဖျက်ဆီးမှု ၁၂၃ ကြိမ်၊ စာသင်ကျောင်း များမဖွင့်ရန် ခြိမ်းခြောက်မှု ၁၁၅ ကြိမ်ပြုလုပ်ခဲ့ကြပြီး  CDM မလုပ်ဘဲ စာသင်ကျောင်း များဖွင့်လှစ်သင်ကြားပေးနေသည့် တာဝန်သိနိုင်ငံ့ဝန်ထမ်းကောင်း ဆရာ/ဆရာမ များနှင့် ပညာရေးဝန်ထမ်းများအား ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခဲ့သဖြင့် သေဆုံးသူ ၆၆ ဦး နှင့် ဒဏ်ရာရသူ ၂၅ ဦး ရှိခဲ့သည်။

NLD ဦးဆောင်သူများအနေဖြင့် အကြမ်းဖက်အဖွဲ့အစည်းမျိုးစုံကို ဖွဲ့စည်း၍ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများ၊ ဆရာ/ဆရာမများ၊ တိုင်းပြည်၏ အနာဂတ် သားကောင်းရတနာ ကျောင်းသား/ ကျောင်းသူများအား ပြစ်မှတ်ထား၍ ရက်စက်ယုတ်မာရိုင်းစိုင်းသော အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်နေမှုကို ရပ်တန့်ရန် နှင့် အခြေခံပညာသင် ကျောင်းသား/ကျောင်းသူများအား ပစ်မှတ်ထားတိုက်ခိုက်ခဲ့သော အကြမ်းဖက်လုပ်ရပ်နှင့် ပတ်သက်၍ NLD အစွန်းရောက်များဖွဲ့စည်းထားသော CRPH, NUG, PDF အကြမ်းဖက်အဖွဲ့များအား ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချသည်။


Myanmar National Post

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)