သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre)၌(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အကြို မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre)၌(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အကြို မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ






MNP   -  ဖေဖေါ်ဝါရီ   ၇

သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြို မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဆေးရောင်ခြယ် ပြိုင်ပွဲကို ယနေ့ နေ့လယ် ၁ နာရီက ကျင်းပ သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre)ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ သံတွဲခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်က ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲများ ကျင်းပရခြင်း၏ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားသည်။ ထို့နောက်ကဗျာရွတ်ဆိုပြိုင်ပွဲကို ကျင်းပပြုလုပ်ရာ အမက(ဒွါရာဝတီ)မူလွန်ကျောင်းနှင့် အမက(၁)မူလွန်ကျောင်းတို့မှ မူလတန်း ကျောင်းသားကျောင်းသူ (၁၅)ဦးက နေထိုင်ရေးမင်္ဂလာကဗျာ၊ ပေါင်းသင်းဆက်ဆံရေး မင်္ဂလာ ကဗျာများအား မဲနိုက်၍ယှဉ်ပြိုင်ခဲ့ကြသည်။ ဆက်လက်၍ ဆေးရောင်ခြယ်ပြိုင်ပွဲကို ကျင်းပရာ အဆိုပါကျောင်းများမှ မူလတန်းကျောင်းသားကျောင်းသူ (၁၅)ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။


ပြိုင်ပွဲများအပြီးတွင် လက်ထောက်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ      ကပြိုင်ပွဲဝင်

ကျောင်းသား၊ ကျောင်းသူ(၃၀)ဦးအား အမှတ်တရလက်ဆောင်ပစ္စည်းများအား ပြိုင်ပွဲဝင် လက်ဆောင်အဖြစ်ချီးမြှင့်ပေးခဲ့ကြသည်။


အဆိုပါပြိုင်ပွဲများကျင်းပရခြင်းမှာ ကလေးများအသိပညာဗဟုသုတဖွံ့ဖြိုးတိုးတက်စေရေး၊ ကာယ၊ဉာဏဖွံ့ဖြိုးတိုးတက်စေရေး ၊ စာကြည့်တိုက်နှင့်ရင်းနှီးမှုရရှိစေပြီး စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ပေးခြင်းဖြစ်သည်။ ထို့အပြင်   ပြန်ကြားရေးနှင့် ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန ၊သံတွဲခရိုင်ရုံးအနေဖြင့် ပြည်သူများ အသိပညာ ဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ Talk Show များ၊အသိပညာပေးဟောပြောပွဲများကို လစဉ်ဆောင်ရွက် ပေးလျက် ရှိပါသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)