ကျိန္တလီမြို့ (Community Centre)ခန်းမတွင် အုန်းသီးရိုက်ပြိုင်ပွဲနှင့် ဘော်လုံးလက်ဆင့်ကမ်းပြိုင်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျိန္တလီမြို့ (Community Centre)ခန်းမတွင် အုန်းသီးရိုက်ပြိုင်ပွဲနှင့် ဘော်လုံးလက်ဆင့်ကမ်းပြိုင်ပွဲကျင်းပ





MNP  -    ဖေဖေါ်ဝါရီ ၂၂

    ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ အုန်းသီးရိုက်ပြိုင်ပွဲနှင့် ဘော်လုံလက်ဆင့်ကမ်းပြိုင်ပွဲကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။


    ရှေ့ဦးစွာ ကျိန္တလီမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်သန်းသန်းလေးက ကျောင်းသား/သူကလေးများအား ဗဟုသုတရရှိစေရန် “အလိမ္မာစာမှာရှိ”၊ “စာအုပ်စာပေ လူ့မိတ်ဆွေ”နှင့်  “ပြန်/ဆက်မှာဆုံ စာမျိုးစုံ” စသော ဆောင်ပုဒ်ကလေးများ၏ ဆိုလိုရင်းအဓိပ္ပါယ်များကို အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့သည်။


    ဆက်လက်၍ ကျောင်းသား/သူလေးများအား တစ်ဦးချင်းစီ မျက်စိကိုပဝါစည်း၍ အုန်သီးရိုက် ပြိုင်ပွဲကိုကျင်းပခဲ့ရာ မထက်ထက်ဦးမှ (ပထမဆု)ကိုလည်းကောင်း၊ မောင်လင်တိုးနိုင်မှ(ဒုတိယဆု)ကို လည်းကောင်း၊ မောင်ပြည့်စုံကျော်မှ (တတိယဆု)ကိုလည်းကောင်း အသီးသီးရရှိခဲ့ကြသည်။ ထို့နောက် ကျောင်းသား/သူလေးများကို အဖွဲ့နှစ်ဖွဲ့ခွဲ၍ ဘော်လုံးလက်ဆင့်ကမ်းပြိုင်ပွဲကို ကျင်းပရာ မရတီအိမ့်ဟန်ဦးဆောင်သော အဖွဲ့မှ (ပထမဆု)ကိုလည်းကောင်း၊ မောင်လင်းတိုးနိုင်ဦးဆောင်သော  အဖွဲ့မှ (ဒုတိယဆု)ကိုလည်းကောင်း ရရှိခဲ့ကြပြီး ကျိန္တလီမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့ဦးစီးမှူးက ဆုရရှိသော ကျေင်းသား/သူလေးများအား လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်းသိရသည်။


ဇော်လင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)