လယ်ဝေးမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)၌ စာဖတ်ဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လယ်ဝေးမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)၌ စာဖတ်ဝိုင်းကျင်းပ



MNP   -    ဖေဖော်ဝါရီ ၂၈

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့ညနေပိုင်းက (Community Centre)တွင် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များဖြင့် စာဖတ်ဝိုင်းကျင်းပသည်။


အဆိုပါ စာဖတ်ဝိုင်းတွင် မြို့နယ်ဦးစီးမှူး ဒေါ်​​​​ဝေကြည်စန်း​​အောင်က စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။ ထို့နောက် လယ်ဝေးမြို့နယ် Book Club ဥက္ကဋ္ဌဒေါ်ခိုင်သူဇာဝင်း(စာရေးဆရာမခင်လယ်လယ်ချစ်)နှင့် အသင်းဝင်များ၊ စာပေဝါသနာရှင်များက စာရေးဆရာကြီးအောင်သင်း၏ ကျောင်းသားလူငယ်တွေနှင့် အခြားဆောင်းပါးများ  စာအုပ်ကိုဖတ်ရှု၍ပါဝင်သည့် အကြောင်းအရာအချက်အလက်များကို မိမိတို့၏ ဘဝအတွေ့အကြုံများနှင့်ယှဉ်ကာ အပြန်အလှန်ဆွေးနွေးခဲ့သည်။


ထို့နောက်စာပေဝါသနာရှင်များက သိလိုသည့် မေးခွန်းများမေးမြန်းရာ စာရေးဆရာမ ခင်လယ်လယ်ချစ်နှင့် အသင်းဝင်များက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။


ထိုက်ထိုက်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)