နောင်ချိုမြို့နယ်တွင် Mobile Libraryစနစ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် စာအုပ်စာစောင် များငှားရမ်းပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နောင်ချိုမြို့နယ်တွင် Mobile Libraryစနစ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် စာအုပ်စာစောင် များငှားရမ်းပေး


MNP  -  ဖေဖော်ဝါရီ ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊  ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက Mobile Libraryစနစ်ဖြင့် ကုန်တင်ကုန်ချသို့ သွားရောက်၍ သုတ/ရသ စာအုပ် စာစောင်များကို ယနေ့ မွန်းလွဲ ၂နာရီအချိန်က သွားရောက် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။


ထိုသို့ စာအုပ်စာစောင်များ ငှားရမ်းပေးရာတွင် အလုပ်တာဝန်များ မအားလပ်၍ စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ကုန်တင်ကုန်ချမှ စာပေချစ်မြတ်နိုးသူ စာဖတ်ပရိသတ်များအတွက် Mobile Library စနစ်ဖြင့် သွားရောက်ငှားရမ်းပေးခဲ့ခြင်းဖြစ်ကြောင်းနှင့် ယနေ့ငှားရမ်းပေးသော စာအုပ်များအား နောက်အပတ်တနင်္လာနေ့တွင် ပြန်လည်သိမ်းဆည်းကာ အသစ်ထပ်မံ ငှားရမ်းပေးသွား မည်ဖြစ်ကြောင်း သိရသည်။


ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နောင်ချိုမြို့နယ်ရုံးအနေဖြင့်  ဌာနဆိုင်ရာအသီးသီးမှ စာပေချစ်မြတ်နိုးသူ ဝန်ထမ်းများနှင့် ရပ်ကွက်များအတွင်းရှိ စာဖတ်ပရိသတ်ပြည်သူများ စာပေနှင့် အဆက်မပြတ်စေရန်၊ အဆင်ပြေစွာ စာပေဖတ်ရှုနိုင်စေရန်နှင့် အသိပညာဗဟုသုတများ တိုးပွား စေရန်ရည်ရွယ်၍ သုတ/ရသ စာအုပ်များကို စာဖတ်ပရိသတ်ရှိရာ ပြည်သူများ လက်ဝယ်အရောက် အပတ်စဉ်တိုင်း သွားရောက် ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။


ထွေးငယ် 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)