အမ်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမတွင် ပုံပြင်ပြောပြိုင်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

အမ်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမတွင် ပုံပြင်ပြောပြိုင်ပွဲကျင်းပ





MNP   -   ဖေဖော်ဝါရီ ၈

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူဆက် ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ ဦး စီးဌာန တို့ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် (၇၆)နှစ် မြောက် ပြည်ထောင်စု နေ့ အထိမ်းအမှတ် ပုံပြင်ပြောပြိုင်ပွဲကို ယနေ့ နံနက်(၁၁)နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။


 အဆိုပါ ပုံပြင်ပြောပြိုင်ပွဲတွင် မြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစန်ဝင်းက ပုံပြင်ပြောပြိုင်ပွဲကျင်းပပေးရခြင်းသည် ကျောင်းသားကျောင်းသူများ စာဖတ်စွမ်ရည် တိုးပွား စေရေးနှင့် စာပေ၏အကျိုးကျေးဇူးများသိ ရှိလာစေရေး၊ စာပေဖတ်ရှုမှုတိုးပွားလာစေပြီး စာ ကြည့်တိုက်ကို အသုံးချတတ်စေရေး၊ စာအုပ်စာစောင်များ ပိုမိုဖတ်ရှုလေ့လာစေရေးအတွက် ကျင်းပရခြင်းဖြစ်ကြောင်းရှင်း လင်းပြောကြားခဲ့သည်။


ဆက်လက်၍ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပုံပြင်ပြောပြိုင်ပွဲကို အမှတ်(၃) အ ခြေခံပညာ အထက်တန်းကျောင်းမှ (Grade-8)မှ မောင်ထက်မြတ်သူရ က စိတ်ကောင်းလေးတွေထားကြမယ် ​ေခါင်းစဉ်ဖြင့်လည်းကောင်း၊အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းမှ (Grade-8)မှ မောင်မျိုး မြတ်ဆွေ က မိဘကျေးဇူးမြင့်မိုရ်ဦး ​​ေခါင်းစဉ်ဖြင့်လည်းကောင်း Grade-6 မှမောင်ကျော်နိုင်ထွေးကပညာရှိသောမင်းသားလေးပုံပြင်ဖြင့်လည်း ကောင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး မြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူ ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစန်ဝင်းက ကျောင်းသားကျောင်းသူများအား လက်ဆောင်ပစ္စည်းများ ချီးမြှင့်ပေးခဲ့သည်။


မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ ဆက်ဆံရေးဦးစီး ဌာနအနေဖြင့် ကျောင်းသားကျောင်းသူများလူငယ် များအတွက် ဆက်လက်၍ပုံ ပြင်ပြောပြိုင်ပွဲများ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲများ၊ စာအုပ်ပြပွဲများ၊ သင်တန်းများကို ကျင်းပပေးသွားမည်ဖြစ်ကြောင်းသိရသည်။


စိုးမင်းထွန်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)