မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်တင်မိုး မုံရွာမြို့နယ် မြေပြင်ကွင်းဆင်းစိစစ်ပြီး အိမ်ထောင်စုများအား EID Server နေ့စဥ်ထည့်သွင်းပြီးစီးမှု အခြေအနေအား ကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်တင်မိုး မုံရွာမြို့နယ် မြေပြင်ကွင်းဆင်းစိစစ်ပြီး အိမ်ထောင်စုများအား EID Server နေ့စဥ်ထည့်သွင်းပြီးစီးမှု အခြေအနေအား ကြည့်ရှုစစ်ဆေး




MNP  -   ဖေဖော်ဝါရီ ၁၁

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်တင်မိုးနှင့် အဖွဲ့ဝင်များနှင့်အတူ မုံရွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးအောင်ဆန်းဝင်းတို့လိုက်ပါပြီး ယမန်နေ့ နံနက် (၁၁)နာရီ မုံရွာမြို့နယ်စုပေါင်းရုံးအတွင်းရှိ မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး အဆိုပါရုံးတွင် မုံရွာမြို့နယ် မြေပြင်ကွင်းဆင်းစိစစ်ပြီး အိမ်ထောင်စုများအား EID Server နေ့စဥ်ထည့်သွင်းပြီးစီးမှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။


ထို့နောက် မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်တင်မိုးနှင့် အဖွဲ့ဝင်များသည် အဆိုပါရုံးတွင် ပြည်သူများ နိုင်ငံသားစိစစ်ရေးကတ် ပြားများ ပြုလုပ်နေမှုနှင့် အိမ်ထောင်စုဇယားများ ပြုလုပ်နေမှုများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးစကားပြောကြားခဲ့သည်။


မုံရွာ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးနေလင်းက မုံရွာမြို့နယ်တွင် ရပ်ကွက် (၂၇) ရပ်ကွက်၊ ကျေးရွာအုပ်စု(၁)အုပ်စုတို့ကို ကောက်ယူလျက်ရှိရာတွင် အိမ်ထောင်စု (၅၆၅၀၃)စု ရှိပါကြောင်း၊ အချိန်မီပြီးစီးအောင်မြင်ရေးအတွက်ကြိုးစားကာ ယနေ့အထိ စိစစ်ဆောင်ရွက်ပြီးစီးမှု အိမ်ထောင်စုပေါင်း (၁၆၆၅၃)စု ရှိပါကြောင်း၊ EID Server အတွင်း ထည့်သွင်းပြီးသော Data များမှ မှားယွင်းမှုများ၊ မပြည့်စုံမှုများကို ပြင်ဆင်ခြင်း၊ ထပ်တိုး Dataများ ထပ်မံရေးသွင်းခြင်းများ ဆောင်ရွက်ခြင်းဖြစ်သောကြောင့် တိကျမှန်ကန်တဲ့ လူဦးရေ ဆိုင်ရာ စာရင်းများရရှိမည်ဖြစ်ကာ တစ်မြို့နယ်ခြင်း တစ်နိုင်ငံလုံး ပြန်လည်စစ်ဆေးတဲ့လုပ်ငန်း ဖြစ်တဲ့အတွက် နိုင်ငံတော်နှင့် ပြည်သူများအတွက် အလွန်အရေးပါသောလုပ်ငန်းဖြစ်ပါကြောင်း ရှင်းလင်းပြောကြားချက်အရ သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)