တောင်ဥက္ကလာပမြို့နယ်၌ ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်၊ (Grade - 5) နှင့် (Grade - 9) ကျောင်းသား၊ ကျောင်းသူများနှစ်ဆုံးစာမေးပွဲစတင်ဖြေဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

တောင်ဥက္ကလာပမြို့နယ်၌ ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်၊ (Grade - 5) နှင့် (Grade - 9) ကျောင်းသား၊ ကျောင်းသူများနှစ်ဆုံးစာမေးပွဲစတင်ဖြေဆို


MNP  -   ဖေဖော်ဝါရီ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင်၂၀၂၂ - ၂၀၂၃  ပညာသင်နှစ် အတွက် စတုတ္တတန်း (Grade- 5) နှင့် အဌမတန်း (Grade - 9) နှစ်ဆုံးစာမေးပွဲကို ယနေ့နံနက် (၉) နာရီအချိန်က သက်ဆိုင်ရာစာစစ်ဌာန ကျောင်းများအလိုက်ကျင်းပခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။


တောင်ဥက္ကလာပမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း (၄၃) ကျောင်းနှင့် ဘုန်းတော်ကြီးသင် ပညာရေး (၃) ကျောင်း ၊ ကိုယ်ပိုင်ကျောင်း(၇)ကျောင်း၊ စုစုပေါင်း (၅၃) ကျောင်းရှိရာ ခရိုင်စစ် (Grade - 5) ကျောင်းသား၊ ကျောင်းသူများအတွက် စာစစ်ဌာန (၁၆) ခုဖွင့်လှစ်၍ ဖေဖော်ဝါရီလ (၂၂) ရက်မှ (၂၈) ရက်နေ့ထိ နံနက် (၉) နာရီမှ (၁၀) နာရီခွဲချိန်ထိ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ လူမူရေး ဘာသာရပ်များကို ဖြေဆိုရမည်ဖြစ်ကြောင်း၊ တိုင်းစစ် (Grade - 9) ကျောင်းသား၊ ကျောင်းသူများ အတွက် စာစစ်ဌာန (၁၄) ခုဖွင့်လှစ်၍ ဖေဖော်ဝါရီလ (၂၂) ရက်မှ မတ်လ (၁) ရက်နေ့ထိ နံနက် (၉) နာရီမှ (၁၁) နာရီချိန်ထိ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီ၊ သမိုင်း၊ အထွေထွေသိပ္ပံ ဘာသာရပ်များကို ဖြေဆိုရမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရန် မြို့နယ်ပညာရေးမှူး၏ ကြီးကြပ်မှုဖြင့်  စာစစ်ဌာနကြီးကြပ်ရေးမှူးများနှင့် သက်ဆိုင်ရာကျောင်းများမှ တာဝန်ကျ ဆရာ၊ ဆရာမများက အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


ခင်ဆွေနှင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)