အမ်းမြို့နယ်၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကြို တင်ကာကွယ်ထိန်း ချုပ်နိုင်ရေး အသိ ပညာပေး Mask Campaignဆောင် ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ်၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကြို တင်ကာကွယ်ထိန်း ချုပ်နိုင်ရေး အသိ ပညာပေး Mask Campaignဆောင် ရွက်





MNP  -   ဖေဖော်ဝါရီ ၁

   ရခိုင်ပြည်နယ်၊အမ်းခရိုင်၊အမ်းမြို့နယ်၌ ကိုဗစ် -၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်မျိုးစိတ်သစ် BA-5 ကူးစက်ရောဂါဖြစ် ပွားမှု မရှိစေရန် ကြို တင်ကာကွယ်ထိန်း ချုပ်နိုင်ရေး အသိ ပညာပေးခြင်းကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက် ဦးဆောင်မှုဖြင့် ခရိုင်/မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များက ယနေ့နံနက် ၇ နာရီအချိန်က အမှတ်(၃)စျေးရပ်ကွက်အမ္ဗနဒီ စျေး လမ်းဆုံလမ်းမ၌ ပြုလုပ်ခဲ့သည်။


ကိုဗစ်-၁၉အသိပညာ ပေးဆောင်ရွက်ရာ တွင် ခရိုင်စီမံအုပ် ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးအောင်ဇော်ထက်၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးစိုးမင်းထက်နှင့်အဖွဲ့ဝင် များ၊ ခရိုင်/မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ ၊ ဌာနဆိုင်ရာတာဝန်ရှိသူများပူးပေါင်းအဖွဲ့မှ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အမ်းတပ်နယ်မှ ရောင်းချလျက်ရှိသည့် အခြေ ခံစားသောက်ကုန်နှင့် ဟင်းသီးဟင်းရွက်များ လာရောက်ဝယ်ယူသည့် ဒေသခံပြည်သူများ၊ မြို့တွင်းသွားလာ လှုပ်ရှားနေကြသည့် ခရီးသွား ပြည်သူများအား ကိုဗစ်-၁၉မျိုးရိုးဗီဇပြောင်း အိုမီခရွန် မျိုးစိတ်သစ် BA-5 ကူး စက်ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးကျန်းမာရေးဝန်ကြီး ဌာန၏ လမ်းညွှန်ချက်များနှင့်အညီ နေထိုင်သွားလာကြရန် နေ အိမ်ပြင်ပသို့ ထွက်ခွာပါက ပါးစပ်နှင့်နှာ ခေါင်းစည်း Mask စနစ်တကျ တပ်ဆင်သွားလာကြရန်၊ ကိုဗစ်-၁၉ ရောဂါကကွယ် ဆေး အကြိမ်ပြည့်မပျက်မကွက် ထိုးနှံကြရန်စသည် တို့ကို အသိပညာပေး ပြောကြားပြီး နှာခေါင်း စည်း Mask (၁၅၀၀) ခု အားအခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။


စိုးမင်းထွန်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)