စိတ်အခြေအနေနှင့် လူတွေ့နှုတ်ဖြေစစ်ဆေးခြင်းဆောင်ရွက်နေမှုများကို ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ လိုက်လံကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စိတ်အခြေအနေနှင့် လူတွေ့နှုတ်ဖြေစစ်ဆေးခြင်းဆောင်ရွက်နေမှုများကို ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ လိုက်လံကြည့်ရှုစစ်ဆေး


MNP   -    ဇန်နဝါရီ ၃၁

ပြည်ထောင်စုရာထူးဝန်အဖွဲ့က ကြော်ငြာစာအမှတ် (၅/၂၀၂၂) ဖြင့် ဝန်ကြီးဌာနနှင့် အဖွဲ့အစည်း ၂၈ ခုမှ ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်လစ်လပ်ရာထူး ၁၀၉၁ နေရာအတွက် ရေးဖြေစာမေးပွဲ အမှတ်စဉ်(၂/၂၀၂၂) ကို ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၂ ရက်နှင့် ၁၃ ရက်တို့တွင် စာစစ်ဌာနငါးခု၌ ကျင်းပခဲ့သည်။


အဆိုပါ ရေးဖြေစာမေးပွဲတွင်ဖြေဆိုသူ ၂၃၃၄ ဦးထဲမှ ရေးဖြေအောင်မြင်သူ နိုင်ငံ့ဝန်ထမ်းအမှုထမ်းများနှင့် ပြင်ပဖြေဆိုပုဂ္ဂိုလ် ၇၄၇ ဦးတို့အား စိတ်အခြေအနေ စစ်ဆေးခြင်းနှင့် လူတွေ့စစ်ဆေးခြင်းကို ဇန်နဝါရီ ၂၄ ရက်မှ ဖေဖော်ဝါရီ ၇ ရက်အထိ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ရုံးအမှတ်(၁၇) နေပြည်တော်၌ ဆောင်ရွက်လျက်ရှိသည်။


ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်လစ်လပ်ရာထူးများတွင် ရွေးချယ်ခန့်ထားမည့် ရေးဖြေစာမေးပွဲအောင် နိုင်ငံ့ဝန်ထမ်းအမှုထမ်းများနှင့် ပြင်ပဖြေဆိုပုဂ္ဂိုလ်များအား နေပြည်တော်ရုံးအမှတ်(၁၇)၌ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အဖွဲ့ဝင်များကလူတွေ့ စစ်ဆေးရေးအဖွဲ့များခွဲ၍ လူတွေ့စစ်ဆေးနေမှုများ၊ စိတ်အခြေအနေစစ်ဆေးရေးအဖွဲ့များက ရေးဖြေနှင့်လူတွေ့စိတ်စစ်ဆေးမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။


ထို့ပြင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌသည် စာမေးပွဲဖြေဆိုရန်လာရောက်ကြသည့် နိုင်ငံ့ဝန်ထမ်းအမှုထမ်းများနှင့် ပြင်ပဖြေဆိုပုဂ္ဂိုလ်များအား လိုက်လံနှုတ်ဆက်ပြီး နိုင်ငံ့ဝန်ထမ်း ပြန်တမ်းဝင်အရာရှိအဖြစ် တာဝန်ထမ်းဆောင်မည့်သူများအနေဖြင့် အရည်အချင်းပြည့်ဝပြီး နိုင်ငံနှင့်လူမျိုးအတွက် ကောင်းမွန်သောဝန်ဆောင်မှုပေးလိုစိတ်များ ထားရှိရမည်ဖြစ်ကြောင်း၊ မိမိတို့၏ဘဝတိုးတက်မှုအတွက် ကြီးမားသောအပြောင်းအလဲအောင်မြင်မှုဖြစ်၍ မဆုတ်မနစ်သော ဇွဲ၊ လုံ့လတို့ဖြင့် ကြိုးစားဖြေဆိုကြရန် အားပေးစကားပြောကြားသည်။


ကျန်ရှိသော စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးခြင်းလုပ်ငန်းများကိုလည်း သတ်မှတ်ထားသည့်နေ့ရက်များအတိုင်း ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အဖွဲ့ဝင်များက လူတွေ့စစ်ဆေးရေးဘုတ်အဖွဲ့များခွဲ၍ ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)