MNP - ဖေဖော်ဝါရီ ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက Mobile Library စနစ်ဖြင့် မြို့နယ်သမဝါယမဦးစီးဌာနသို့ သွားရောက်၍ သုတ/ရသစာအုပ်စာစောင်များကို ယနေ့နံနက် ၁၀ နာရီအချိန်က သွားရောက်ငှားရမ်း ပေးခဲ့ကြောင်း သိရှိရသည်။
ထိုသို့ စာအုပ်စာစောင်များ ငှားရမ်းပေးရာတွင် စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် မြို့နယ်သမဝါယမဦးစီးဌာနမှ စာဖတ်ပရိတ်သတ်များအား Mobile Library စနစ်ဖြင့် သွားရောက်ငှားရမ်းပေးခဲ့ကြောင်းနှင့် ယနေ့ငှားရမ်းပေးသော စာအုပ်များအား နောက်အပတ်အင်္ဂါနေ့တွင် ပြန်လည်သိမ်းဆည်းကာ အသစ်ထပ်မံငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မဘိမ်းမြို့နယ်ရုံးအနေဖြင့် ဌာနဆိုင်ရာအသီးသီးမှ စာပေချစ်မြတ်နိုးသူဝန်ထမ်းများနှင့် မိသားစုဝင်များအား စာပေနှင့်အဆက်မပြတ်စေရန်၊ အဆင်ပြေစွာ စာပေဖတ်ရှုနိုင်စေရန်နှင့် အသိပညာဗဟုသုတများတိုးပွားစေရန် ရည်ရွယ်၍ သုတ/ ရသ စာအုပ်များကို စာဖတ်ပရိတ်သတ်ရှိရာ ပြည်သူမျာထံလက်ဝယ်အရောက် အပတ်စဉ်တိုင်းသွား ရောက်ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
မျိုးမင်း
https://t.me/MyanmarNationalPost


No comments:
Post a Comment