သံတွဲမြို့၌ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် MSME ထုတ်ကုန်ပြပွဲ၊ ရောင်းချပွဲနှင့် တေးဂီတဖျော်ဖြေပွဲ လာရောက်ကြည့်ရှုသူများဖြင့် စည်ကား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံတွဲမြို့၌ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် MSME ထုတ်ကုန်ပြပွဲ၊ ရောင်းချပွဲနှင့် တေးဂီတဖျော်ဖြေပွဲ လာရောက်ကြည့်ရှုသူများဖြင့် စည်ကား


MNP  -   ဖေဖော်ဝါရီ ၁၄

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် MSME ထုတ်ကုန်ပြပွဲ၊ ရောင်းချပွဲနှင့် စင်တင်တေးဂီတ စတုတ္ထနေ့ ဖျော်ဖြေပွဲကို ဖေဖော်ဝါရီ ၁၂ ရက်နေ့ ည ၇ နာရီက သံတွဲမြို့မအားကစားကွင်း၌ ကျင်းပလျက်ရှိရာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်ကျော်သန်းနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးပြီး ဒေသခံဝါသနာရှင်များ၏ STAR MUSIC BAND နှင့် The One Music Band စင်တင်တေးဂီတအဖွဲ့များ၏ ဖျော်ဖြေတင်ဆက်မှုများကိုလည်း ကြည့်ရှုအားပေးခဲ့သည်။


ထို့နောက် နေ့လယ် ၁၂ နာရီက သံတွဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ ဦးမျိုးချစ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်/ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများသည် ဒွါရာဝတီအားကစားကွင်း၌ ကျင်းပပြုလုပ်သည့်  (၇၆) နှစ် မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲများဖြစ်သည့် ချောတိုင်တက်ပြိုင်ပွဲနှင့် လွန်ဆွဲပြိုင်ပွဲများအား ကြည့်ရှုအားပေးခဲ့ကြပြီး ဆုရရှိသည့်အသင်းများအား ပထမဆု ၁၅၀၀၀ဝိ/-ကျပ်၊ ဒုတိယဆု ၁၀၀၀၀ဝိ/- ကျပ်နှင့် တတိယဆု ၈၀၀၀ဝိ/- ကျပ်တို့ကိုပေးအပ် ချီးမြှင့်ခဲ့ကြ ကြောင်း သိရှိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment