PDF အကြမ်းဖက်သမားများ၏ မိုင်းထောင်ဖောက်ခွဲမှုကြောင့် ညောင်လေးပင်ဘူတာကြီး၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အပြစ်မဲ့ပြည်သူ ၃ ဦးသေဆုံး၊ ၉ ဦးထိခိုက်ဒဏ်ရာရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

PDF အကြမ်းဖက်သမားများ၏ မိုင်းထောင်ဖောက်ခွဲမှုကြောင့် ညောင်လေးပင်ဘူတာကြီး၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အပြစ်မဲ့ပြည်သူ ၃ ဦးသေဆုံး၊ ၉ ဦးထိခိုက်ဒဏ်ရာရရှိ




MNP ၊ ဖေဖော်ဝါရီ ၁၃

အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် NUG နှင့် CRPH တို့၏လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများ၊ အကြမ်းဖက်မှုကို လိုလားသည့် လက်နက်ကိုင်သောင်းကျန်းသူများသည် ဒေသတွင်း လမ်းပန်းဆက်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှု ထိခိုက်စေရေးနှင့် တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရေး တို့အတွက် အများပြည်သူများ သွားလာအသုံးပြုလျက်ရှိသည့် လမ်း၊တံတား၊ ဘူတာရုံတို့အား အကြမ်းဖက်မိုင်းထောင်ဖောက်ခွဲခြင်း၊ လက်လုပ်ဗုံး/ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းများကို အကြောင်းမဲ့ပြုလုပ်လျက်ရှိသည်။


ထိုသို့ ပြုလုပ်လျက်ရှိရာ ယနေ့ မွန်းလွဲ ၁၂ နာရီ ၂၀ မိနစ်ခန့်တွင် ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ညောင်လေးပင်ဘူတာရုံရှိ  အမှတ်(၁)စင်္ကြံပလက်ဖောင်းပေါ်၌လည်း PDF အမည်ခံ အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲခဲ့မှုကြောင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။


အဆိုပါ မိုင်းပေါက်ကွဲမှုကြောင့် အခင်းဖြစ်နေရာအနီးနှင့် ဘူတာရုံအတွင်းရှိ အပြစ်မဲ့ ခရီးသွားပြည်သူ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးတို့မှာ ဖြစ်စဉ်နေရာ၌ပင် သေဆုံးခဲ့ပြီး အမျိုးသား ၃ ဦးနှင့်  အမျိုးသမီး ၇ ဦးတို့တွင် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးဝါးကုသမှု ခံယူနိုင်ရေး ညောင်လေးပင် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် ဒဏ်ရာရရှိသူများအနက်မှ အမျိုးသမီးတစ်ဦး ထပ်မံသေဆုံးခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား ယနေ့နေ့လယ်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထိန်ဝင်းနှင့် တာဝန်ရှိသူများက ညောင်လေး ပင်ပြည်သူ့ ဆေးရုံကြီး၌ သွားရောက်ကြည့်ရှု၍ အားပေးစကားပြောကြားခဲ့ပြီး ထောက်ပံ့ငွေများ ပေးအပ်ကာ  လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ထို့ပြင် ဒဏ်ရာ ရရှိသူများအား ပဲခူးမြို့ရှိ အထွေထွေရောဂါကု ဆေးရုံကြီးသို့ ပြောင်းရွှေ့ကုသနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်စဉ်တွင် သေဆုံးခဲ့ရသူ ၃ ဦး၏ မိသားစုဝင်များကို လည်း ထောက်ပံ့ငွေများ ပေးအပ်ကာ အားပေးစကားများပြောကြားခဲ့သည်။


ထိုကဲ့သို့ အများပြည်သူများ သွားလာအသုံးပြုလျက်ရှိသည့် ဘူတာရုံအား မိုင်းထောင် ဖောက်ခွဲခဲ့သူ PDF အမည်ခံ အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိ ကြောင်းနှင့် အကြမ်းဖက်သမားများ၏ လှုပ်ရှားဆောင်ရွက်မှုများအား တွေ့မြင်သိရှိရပါက အကြမ်းဖက်မှုလုပ်ရပ်များအား ထိရောက်စွာ ကာကွယ်တားဆီးနိုင်ရေးအတွက် သက်ဆိုင်ရာ  လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လျှို့ဝှက်စွာ သတင်းပေးပို့ နိုင်ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၅ရက်နေ့အထိ NLD အစွန်းရောက်များ ဖွဲ့စည်းထားသော အကြမ်းဖက်အဖွဲ့များ၏ သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူ၊ အစိုးရဝန်ထမ်း၊ ကလေးငယ်များ အပါအဝင် ၅၄၄၃ ဦး သေဆုံးခဲ့ရသည်။)




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)