ပုလောမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အသက် ၁ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် အပြစ်မဲ့ ပြည်သူ အမျိုးသမီး ၂ ဦးနှင့် ကလေးငယ် ၅ ဦးတို့သေဆုံး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပုလောမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အသက် ၁ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် အပြစ်မဲ့ ပြည်သူ အမျိုးသမီး ၂ ဦးနှင့် ကလေးငယ် ၅ ဦးတို့သေဆုံး


MNP ၊ ဖေဖော်ဝါရီ ၁၃

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အသက် ၁ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် အပြစ်မဲ့ ပြည်သူ အမျိုးသမီး ၂ ဦး၊ ကလေးငယ် ၅ ဦးတို့ သေဆုံးခဲ့သည်။


ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက် ၂ နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ပလောက်မြို့၊ အရှေ့ကုန်းကျေးရွာနေ ကျောက်လုံးကြီးကျေးရွာအုပ်စု၏ အုပ်ချုပ် ရေးမှူးဖြစ်သူ ဦးမြင့်အောင်(၆၂)နှစ် (ဘ)ဦးလှမောင်သည် ၎င်း၏နေအိမ်၌ မိသားစုနှင့်အတူ အိပ်ပျော်နေစဉ် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား ၂၅ ဦးခန့်က နေအိမ်ရှေ့သို့ ဆိုင်ကယ် များဖြင့် ရောက်ရှိလာပြီး အိမ်အတွင်း ဝင်ရောက်လာကာ သေနတ်များဖြင့် အကြောင်းမဲ့ ဝိုင်းဝန်းပစ်ခတ်ခဲ့၍ ဦးမြင့်အောင်မှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။


နံနက် ၇ နာရီအချိန်တွင် အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးမြင့်အောင်က ၎င်း၏နေအိမ်သို့ ပြန်လည် ရောက်ရှိခဲ့ရာ  အကြမ်းဖက်သမားများ၏ အကြောင်းမဲ့ ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်ခဲ့မှုကြောင့် အသက် ၁ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် မိသားစုဝင်များဖြစ်ကြသည့် အမျိုးသမီး ၂ ဦးနှင့် ကလေးငယ် ၅ ဦးတို့ကို ကျည်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးလျက် တွေ့ရှိခဲ့ရသည်။


ထိုသို့ ကျေးရွာအတွင်း ဝင်ရောက်ကာ ဆင်ခြင်တုံတရားမဲ့စွာဖြင့် ရက်စက်စွာ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်ခဲ့မှုကြောင့် အပြစ်မဲ့ ပြည်သူများနှင့် ကလေးငယ်များထိခိုက်သေဆုံးစေခဲ့သည့် အကြမ်းဖက် သမားများအား ဖော်ထုတ် ဖမ်းဆီးအရေးယူနိုင်ရေး နယ်ခြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ် များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။


#MyanmarNationalPost

(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၅ရက်နေ့အထိ NLD အစွန်းရောက်များ ဖွဲ့စည်းထားသော အကြမ်းဖက်အဖွဲ့များ၏ သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူ၊ အစိုးရဝန်ထမ်း၊ ကလေးငယ်များ အပါအဝင် ၅၄၄၃ ဦး သေဆုံးခဲ့ရသည်။)




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)