မြိုင်မြို့၊ အမှတ်(၁) ရပ်ကွက်ရှိ မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်အား PDF အကြမ်းဖက်သမားများက မီးရှိထွက်ပြေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မြိုင်မြို့၊ အမှတ်(၁) ရပ်ကွက်ရှိ မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်အား PDF အကြမ်းဖက်သမားများက မီးရှိထွက်ပြေး



MNP ၊ ဖေဖော်ဝါရီ ၉

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့ အမှတ်(၁)ရပ်ကွက်ရှိ မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်အား  ယနေ့ နံနက် ၁၂ နာရီခွဲခန့်တွင် PDF အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။

PDF အကြမ်းဖက်သမားများသည် ဘဏ်ရှိ ညစောင့်အား ခြိမ်းခြောက် မောင်းထုတ်ကာ ဘဏ်အား ဓာတ်ဆီလောင်း၍ မီးရှိထွက်ပြေးသွားကြောင်းသိရပြီး လုံခြုံရေးအဖွဲဝင်များနှင့် တာဝန်ရှိသူများက သွားရောက်မီးငြိမ်းသတ်ခဲ့စဉ် PDF အကြမ်းဖက်သမားများက အဝေးမှ လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်ခဲ့ရာ ၎င်းမီးလောင်နေသော ဘဏ်အနီးကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

လုံခြုံရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ၏ မီးငြိမ်းသတ်မှုကြောင့် နံနက် ၁ နာရီ ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၅ရက်နေ့အထိ NLD အစွန်းရောက်များ ဖွဲ့စည်းထားသော အကြမ်းဖက်အဖွဲ့များ၏ သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူ၊ အစိုးရဝန်ထမ်း၊ ကလေးငယ်များ အပါအဝင် ၅၄၄၃ ဦး သေဆုံးခဲ့ရသည်။)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)