ရေစကြိုမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ပခန်းငယ်)၌ ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲဖြေဆိုနေစဉ် PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ရေစကြိုမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ပခန်းငယ်)၌ ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲဖြေဆိုနေစဉ် PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်



MNP ၊ ဖေဖော်ဝါရီ   ၂၂

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ပခန်းငယ်ကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်း (ပခန်းငယ်)၌ စာမေးပွဲဖြေဆိုနေသည့် ကျောင်းသား၊ ကျောင်းသူ များအား လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေး ဆောင်ရွက်ပေးလျက်ရှိစဉ် ယမန်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့ရာ အကြမ်းဖက် သမားများသည် ကျေးရွာ၏မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ သည်။


အဆိုပါ အကြမ်းဖက်သမားများသည် ကျောင်းတွင် တာဝန်ထမ်းဆောင်နေသည့် ဆရာ၊ ဆရာမများနှင့် စာမေးပွဲဖြေဆိုနေသည့် ကျောင်းသား၊ ကျောင်းသူများ၏ အသက် အန္တရာယ်ထိခိုက်စေရန်နှင့် ပညာသင်ကြားမှုကို ခြိမ်းခြောက်ဟန့်တားရန် ရည်ရွယ်၍ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ရာ အဆိုပါအကြမ်းဖက်သမားများအား တရားဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက စုံစမ်း ဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)