စလင်းမြို့နယ်တွင် လူဦးရေစာရင်းဆိုင်ရာအချက်အလက်များအား Software Program အတွင်း ဖြည့်စွက်ပြင်ဆင်ထည့်သွင်းနေမှုအား မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စလင်းမြို့နယ်တွင် လူဦးရေစာရင်းဆိုင်ရာအချက်အလက်များအား Software Program အတွင်း ဖြည့်စွက်ပြင်ဆင်ထည့်သွင်းနေမှုအား မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ ကြည့်ရှုစစ်ဆေး


MNP   -    ဖေဖေါ်ဝါရီ ၁၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူပြီးသည့် အုပ်စု (၁၁၀)၏ လူဦးရေစာရင်း ဆိုင်ရာအချက်အလက်များအား Software Program အတွင်း ပြင်ဆင်ဖြည့်စွက်ထည့်သွင်းနေမှုကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး ကွန်ပျူတာခန်းမတွင် ဆောင်ရွက်လျက်ရှိရာ ယမန်‌‌နေ့နံနက်ပိုင်းက မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် တာဝန်ရှိသူများက အဆိုပါလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် မြို့နယ်အတွင်းရှိ သက်ဆိုင်ရာဌာနများသို့ သွား ရောက်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။


ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် တာဝန်ရှိသူများ လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစောနိုင်ဦးတို့က ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်စာရင်းများ တိကျမှန်ကန်စေရေးနှင့် အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ ၆၆/၆)များ တိကျမှန်ကန်စေရေးအတွက် နိုင်ငံသားကိုယ်ရေးမှတ်တမ်းအချက်အလက်များကို e-ID စနစ်ဖြင့် HOUSEHOLE. REGISTRATION SYSTEM အတွင်း ဖြည့်စွက်ပြင်ဆင်ဆောင်ရွက်ရာတွင် မှန်ကန်တိကျမှုရှိအောင် ဆောင်ရွက်ကြရန်တို့ကို မှာကြားခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းမှ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ သည်။


မြေပြင်ကွင်းဆင်းကောက်ယူခဲ့သော မြို့နယ်အတွင်းရှိ လူဦးရေစာရင်းဆိုင်ရာ အချက်အလက်များအား  e-ID HOUSEHOLE REGISTRATION SYSTEM အတွင်း ဖြည့်စွက် ပြင်ဆင်မှတ်ချက်ရေးသွင်းခြင်းလုပ်ငန်းအား မြို့နယ်ကြီးကြပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် စလင်းမြို့နယ် လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ကွန်ပျူတာကျွမ်းကျင်ဝန်ထမ်းများနှင့် ဌာနဆိုင်ရာများမှ ကွန်ပျူတာဝန်ထမ်းများ ပူးပေါင်း၍ ကွန်ပျူတာဝန်ကျွမ်းကျင် (၂၅)ဦး၊ ဖတ်ပြောအကူ(၂၀)ဦး၊ စုစုပေါင်း(၄၅)ဦးတို့ဖြင့် ဇန်နဝါရီလ ၂၆ ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ရာ ယနေ့အထိ လူဦးရေ (၆၆၉၅၄)ဦးရှိရာ (၄၄၇၁၅)ဦး ပြီးစီးနေပြီဖြစ်ပြီး ဖေဖော်ဝါရီလအတွင်း အပြီးဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရှိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)