ကျောက်ဆည်မြို့နယ်တွင် နွေစပါးသီးနှံ(၅၅၃)ဧက စိုက်ပျိုးသွားမည်ဖြစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်ဆည်မြို့နယ်တွင် နွေစပါးသီးနှံ(၅၅၃)ဧက စိုက်ပျိုးသွားမည်ဖြစ်



MNP   -    ဖေဖော်ဝါရီ ၁၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ နွေစပါးသီးနှံ(၅၅၃)ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


နွေစပါးသီးနှံများ စိုက်ပျိုးရာတွင် ဆည်ရေသောက်စနစ်၊ စက်ရေတွင်း(မြေအောက်ရေသောက်) စနစ်များဖြင့် စိုက်ပျိုးသွားမည်ဖြစ်ကာ ဇော်ဂျီဆည်ရေသောက်စနစ် မင်းရဲစိုက်ပျိုးရေပေးမြောင်း၌ (၁၀၀)ဧက၊ သင်းတွဲစိုက်ပျိုးရေပေးမြောင်း၌ (၂၅၀)ဧက၊ တမုတ်စိုက်ပျိုးရေပေးမြောင်း၌ (၁၅၀)ဧကနှင့် စက်ရေတွင်း(မြေအောက်ရေသောက်)စနစ်၌ (၅၃)ဧက စုစုပေါင်း (၅၅၃)ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။


နွေစပါးသီးနှံစိုက်ခင်းများ အောင်မြင်စွာစိုက်ပျိုးနိုင်ရေး မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ စိုက်ပျိုးရေများ ပြည့်ဝစွာ အလှည်ကျစနစ်ဖြင့် ပေးဝေသွားမည်ဖြစ်ကြောင်းနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ ဒေသနှင့်ကိုက်ညီသည့် စပါးမျိုးများနှင့်စိုက်နည်းစနစ်များ ကူညီပေးသွားမည်ဖြစ်ကြောင်း သိရသည်။


သက်မောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)