ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့်အဖွဲ့ ဟင်္သာတမြို့ မီးဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့ပစ္စည်းများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့်အဖွဲ့ ဟင်္သာတမြို့ မီးဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့ပစ္စည်းများပေးအပ်



MNP   -    ဖေဖော်ဝါရီ ၁၆

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင်နှင့်အဖွဲ့သည် ယမန်နေ့မွန်းလွဲပိုင်းက ဟင်္သာတမြို့ ဥယျာဉ်တောင်ရပ်ကွက်၊ မနော်ဟရီလမ်းရှိ မီးလောင်မှုဖြစ်စဉ် ဖြစ်ပွါးခဲ့သည့်နေရာသို့ရောက်ရှိပြီး မီးလောင်မှုဖြစ်ပွါးခဲ့မှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး မီးလောင်မှုဖြစ်ခဲ့သည့် မိသားစု(၂)စုအတွက် ဘေးစီမံဌာနမှ ထောက်ပံ့ပေးအပ်သော ပစ္စည်း (၁၇)မျိုးပါ ပုံး(၁)ပုံးစီနှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။


ထို့နောက် ဟင်္သာတမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမတွင် ခရိုင်စီ မံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံပွဲပြုလုပ်ခဲ့ပြီး ဒေသဖွံ့ဖြိုးရေးလုပ် ငန်းများ အကောင်ထည်ဖော်ဆောင်ရွက်နေမှု ၊ ဆီထွက်သီးနှံနေကြာ စိုက်ပျိုးဖြစ်ထွန်းမှုများ ၊ မီးဘေးအန္တရာယ် လုံခြုံကင်းဝေးစေရေး စီမံဆောင်ရွက်ထားမှုများ ၊တက္ကသိုလ်ဝင် စာမေးပွဲ အတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့် သက်ဆိုင်ရာ ဌာနများ၏တင်ပြချက်များ အပေါ်လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)