MNP - ဖေဖော်ဝါရီ ၂
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ပြည်ထောင်စုနေ့အကြောင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ယနေ့နံနက်(၉)နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ကျင်းပကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သီတာအောင်က ဆွေးနွေးပွဲကျင်းပရခြင်းရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီး၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူး ဒေါ်ထွန်းထွန်းမော်က ပြည်ထောင်စုဟူသည်မှာ ပြည်နယ်၊ တိုင်းဒေသကြီးများကိုစုစည်းပြီး စည်းလုံးညီညွတ်ခြင်းကိုဖော်ဆောင်သော စကားစုဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မြန်မာ၊ မွန်၊ ရခိုင်၊ ရှမ်း စသည့် တိုင်းရင်းသားလူမျိုးစုအပေါင်းနှင့် ဖွဲ့စည်းထားသောနိုင်ငံဖြစ်ပြီး တိုင်းရင်းသားညီအစ်ကိုမောင်နှမများ ချစ်ခင်စည်းလုံးစွာရပ်တည်စုစည်းမှုဖြင့် ပြည်ထောင်စုကြီးအဖြစ် ကာလအဓွန့်ရှည်စွာတည်ထောင်နေထိုင်ခဲ့ကြသော နိုင်ငံဖြစ်ကြောင်း၊ ရှေးအစဉ်အဆက်ကတည်းက ပြည်ထောင်စုအဖြစ် နေထိုင်ခဲ့ကြပုံအကြောင်းများ၊ မျိုးချစ်စိတ်ရှိသော်လည်း စည်းလုံးမှုမရှိ၍ အောင်မြင်မှုမရရှိပုံနှင့် စည်းလုံးညီညွတ်၍ အောင်မြင်မှုရရှိပုံတို့ကိုဆွေးနွေးခဲ့ပြီး ပြည်ထောင်စုစိတ်ဓာတ် ခိုင်မြဲအဓွန့်ရှည်အောင်ကြိုးပမ်းသင့်ပုံတို့ကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
သီတာအောင်
https://t.me/MyanmarNationalPost

No comments:
Post a Comment