၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျိုင်းတုံတက္ကသိုလ် ပဉ္စမအကြိမ် ဘာသာရပ်ပေါင်းစုံနှင့် စီမံခန့်ခွဲရေးရုံးအဖွဲ့တို့၏ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျိုင်းတုံတက္ကသိုလ် ပဉ္စမအကြိမ် ဘာသာရပ်ပေါင်းစုံနှင့် စီမံခန့်ခွဲရေးရုံးအဖွဲ့တို့၏ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကျင်းပ


MNP  -   ဖေဖော်ဝါရီ ၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံတက္ကသိုလ် ပဉ္စမအကြိမ် ဘာသာရပ်ပေါင်းစုံနှင့် စီမံခန့်ခွဲရေးရုံးအဖွဲ့၏ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါကျောင်းရှေ့ကွင်းပြင်၌ကျင်းပသည်။


ရှေးဦးစွာ ကျိုင်းတုံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာစမ်းစမ်းမာ က ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ဘာသာရပ်ပေါင်းစုံအလိုက် ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာများ၊  စီမံခန့်ခွဲရေးရုံးအဖွဲ့များအား အသင်းအဖွဲ့အလိုက် စုပေါင်းညီညာစွာ လုပ်ကိုင်ဆောင်ရွက်တတ်စေခြင်း၊ ချစ်ကြည်ရင်းနှီးမှုပိုမိုရရှိစေခြင်း၊ ပျော်ရွှင်မှုရရှိစေခြင်း၊ စုပေါင်းအား၊ ညီညွတ်မှုအားပေါ်လွင်စေခြင်း စသည့်ကောင်းမွန်သည့် ရရွယ်ချက်များဖြင့်  ပဉ္စမအကြိမ်မြောက် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း အမှာစကားပြောကြားပြီး ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ  ရုက္ခဗေဒပါမောက္ခဌာနမှူး ဒေါက်တာမိုးမိုးလွင် က ထမနဲထိုးပြိုင်ပွဲနှင့်ပတ်သက်၍ စည်းကမ်းချက်များကို ရှင်းလင်းပြောကြားသည်။


ထို့နောက် ကျိုင်းတုံတက္ကသိုလ် ပဉ္စမအကြိမ် ဘာသာရပ်ပေါင်းစုံနှင့် စီမံခန့်ခွဲရေးရုံးအဖွဲ့တို့၏ ထမနဲထိုးပြိုင်ပွဲကျင်းပရာ ပြိုင်ပွဲဝင်အသင်းများအလိုက် အိုးစည်ဒိုးပတ်ဝိုင်းများဖြင့် အားပေးကြကာ စုပေါင်းပျော်ရွှင်စွာယှဉ်ပြိုင်ကြပြီး ဆုရရှိသူသည့်အသင်းများကို ကျိုင်းတုံတက္ကသိုလ် ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြင့်ခဲ့ကြသည်။


အောင်ဇင်မြင့်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)