MNP - ဖေဖော်ဝါရီ ၂
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် ရာထူးတံဆိပ်တပ်ဆင်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်က အဆိုပါသင်တန်းကျောင်းရှိ အစည်းအဝေးခန်းမ(၁) တွင်ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းမှ ကျောင်းအုပ်ကြီးဦးမင်းချစ်ဦးက ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။ ယင်းနောက် ကျောင်းအုပ်ကြီး ဦးမင်းချစ်ဦး၊ ဒုတိယကျောင်းအုပ်ကြီးဒေါ်ခင်သီတာမင်းတို့က ပစ္စည်းထိန်း-၂ ရာထူးနေရာတွင်တိုးမြင့်ရရှိသွားသည့် ဒေါ်အင်ကြင်းရှိန် (ပစ္စည်းထိန်း-၂ )အား ရာထူးအမှတ်တံဆိပ် တပ်ဆင်ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ရာထူးတံဆိပ်တပ်ဆင်ခြင်းအခမ်းအနားကို ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းမှ ကျောင်းအုပ်ကြီးဦးမင်းချစ်ဦး၊ ဒုတိယကျောင်းအုပ်ကြီး ဒေါ်ခင်သီတာမင်း၊ ညွှန်ကြားရေးမှူးများ၊ဒုတိယညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
သိန်းမြင့်ကျော်
https://t.me/MyanmarNationalPost

No comments:
Post a Comment