ရခိုင်ပြည်နယ် မောင်တောမြို့၌ အသစ်ခန့်အပ်မည့် လက်ထောက်မူလတန်းပြဆရာ၊ဆရာမများအား လုပ်ငန်းခွင်အကြိုရက်တို သင်တန်းဖွင့်ပွဲကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့၌ အသစ်ခန့်အပ်မည့် လက်ထောက်မူလတန်းပြဆရာ၊ဆရာမများအား လုပ်ငန်းခွင်အကြိုရက်တို သင်တန်းဖွင့်ပွဲကျင်းပပြုလုပ်







MNP   -   ဖေဖော်ဝါရီ  ၂

ရခိုင်ပြည်နယ် ၊မောင်တောခရိုင် ၊ မောင်တောမြို့၌  လက်ထောက်မူလတန်းပြ အသစ်ခန့်အပ်မည့် ပြင်ပ ပုဂ္ဂိုလ် များ၏ လုပ်ငန်းခွင်အကြိုရက်တို သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီအချိန် အ.ထ.က(၁) အခြေခံ ပညာ အထက်တန်းကျောင်းတွင် ဖွင့်လှစ်ကာ သင်တန်း ပို့ချပေးလျှက်ရှိကြောင်း သိရသည်။


ရှေးဦးစွာ မြို့နယ်ပညာရေးမှူး  ဦးအောင်မြင့်သိန်းကအဖွင့်အမှာစကား ပြောကြားပြီး  ဒုတိယမြို့နယ် ပညာရေးမှူး ဦးဇော်လင်းဦးက သင်တန်းဖွင့်လှစ်ပို့ချပေးရခြင်း နှင့် ပတ်သတ်၍ ရှင်း လင်း ပြောကြားရာတွင်   သင်တန်းမှ ပို့ချမည့် ဘာသာရပ်များ ၊ သိသင့်သိထိုက်သင့် အကြောင်းအရာများ ၊ နည်းပြ များ က သင်တန်း ပို့ချပေးရာတွင် စနစ်တကျ လေ့လာမှတ်သားပြီး ပို့ချပေးလိုက်သည့် ဘာသာရပ်များကို မိမိတို့ တာဝန်ကျသည့် ကျောင်းများသို့ ရောက်ရှိသောအခါ မိမိတို့မြို့နယ် နှင့် ကျောင်းအား ပညာရေး မြှင့်မားတိုး တက်အောင်  တစ် ဖက် တစ်လမ်းမှ ဝိုင်းဝန်းဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း မှာကြားခဲ့သည်။ 


ထို့နောက် နည်းပြဆရာ/ဆရာမ များက တစ်ဦးချင်း  မိတ်ဆက်ကာ သင်ကြားပို့ချမည့် ဘာသာရပ်များအား ပြောကြားပြီး  သင်တန်းကို နည်းပြ ၉ ဦး တို့က မြို့နယ်အတွင်း အခြေခံပညာ လက်ထောက်မူလတန်းပြ အသစ်ခန့်အပ်မည့်  ဆရာ၊ဆရာမ ၅၀ ဦးအား သင်ရိုးသစ် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း ၊ ဝန်ထမ်းကျင့်ဝတ်နှင့် ဝန်ထမ်းစည်းကမ်း ၊ နိုင်ငံဝန်ထမ်း နည်းဉပဒေများ ၊ မူလတန်းသင်ရိုးသစ်မိတ်ဆက်ခြင်း၊ စဉ်ဆက်မပြတ်  ဆရာအတတ် ပညာဖွံ့ဖြိုးတိုးတက်ရေး ၊ ဆရာကျင့်ဝတ် နှင့် ကိုယ်ကျင့်သိက္ခာများ ၊ ၂၁ ရာစုကျွမ်းကျင်မှုနှင့် သင်ကြား/သင်ယူမှုဆိုင်ရာလုပ်ငန်းများ ၊ ပညာရေးမူဝါဒများ စသည့် စသည့် ဘာသာရပ် ၊ အသိပညာဗဟုသုတများအား ဖေဖော်ဝါရီ  ၂ ရက်နေ့မှ  ၆ ရက်နေ့ အထိ  နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ  ၅ ရက်ကြာ သင် ကြား ပို့ချ ပေးမည်ဖြစ် ကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။ 


သက်လွင်စိုး

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)