MNP - ဖေဖော်ဝါရီ ၉
ရခိုင်ပြည်နယ်၊ရသေ့တောင်မြို့တွင်ယနေ့ဖေဖော်ဝါရီလ ၉ ရက်နေ့ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန နှင့်ပူးပေါင်း၍လူငယ်နှင့်အားကစားကဏ္ဍအသိပညာပေး Talk Show ဆောင်ရွက်ခဲ့သည်။
ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရသေ့တောင်မြို့နယ်ရုံးက ဒုတိယဦးစီးမှူးဒေါ်တင်ဇာဦးကလူငယ်နှင့်အားကစားအသိပညာပေး Talk Show ဆောင်ရွက်ရခြင်းရည်ရွယ်ချက်များကိုရှင်းလင်းပြေကြားသည်။
ယင်းနောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးအောင်မြင့်သိန်းကဆွေးနွေးပြောကြားရာတွင်အားကာသိပ္ပံ ကိုGrade(8)အောင်ပြီးသူ Grade(9)တန်းမှစတင်လက်ခံပြီးကျောင်းအိပ်ကျောင်းစားပညာသင်ပေးပြီးအားကစားလေ့ကျင့်၍ဒသမတန်းအောင်သည်အထိ ပညာသင်ပေးပါတယ်၊ကျားအရပ် ၅ ပေ ၆ လက်မ မ အရပ် ၅ ပေ ၄ လက်မ အနိမ့်ဆုံးသတ်မှတ်ချက် ရှိရပါမယ် ကျန်းမာရေးကောင်းမွန်ပြီး၊ကိုယ် လက် အင်္ဂါပြည့်စုံ သန်စွမ်းဖို့လိုအပ်ပြီး၊ကြံ့ခိုင်စွမ်းရည်စစ်ဆေးခံရန် အောက်ပါ (၅)မျိုးလေ့ကျင့်ထားရပါမယ်၁. လျင်မြန်မှု စစ်ဆေးခြင်း၊မီတာ ၁၀၀ တာတို လျင်မြန်စွာပြေးနိုင်အောင် လေ့ကျင့်ထားရပါမယ် စံချိန်ယူပါတယ်၂. ပခုံး လက် ခွန်အားစစ်ဆေးခြင်း။ လက်ထောက်တွန်းတင် အရပ်အခေါ် ဒိုက်ထိုးတာပေါ့ (၂)မိနစ်အတွင်း အကြိမ်ရေများများထိုးနိုင်အောင် လေ့ကျင့်ထားရပါမယ်မိန်းကလေးများ ဒူးမြေထောက်၍ လက်ထောက်တွန်းတင်လေ့ကျင့်ရပါမယ်၃. ဝမ်းဗိုက်ခွန်အားဆန်းစစ်ခြင်း ။ အိပ်ထမတင်ဒူးကွေးထောင်၍ ကြက်ခြေခတ်လက်ပိုက်ထားပြီးလက်ချောင်းများ ပခုံးပေါ်တွင်တင်ကာ (၂)မိနစ်အတွင်း အိပ်ထ အကြိမ်ရေများများရအောင်လေ့ကျင့်ထားရပါမယ်၄. ခြေထောက်ခွန်အားစစ်ဆေးခြင်း။ရပ်လျက်အလျားခုန်ရပါတယ်၊ရပ်လျက်အဝေးသို့ဝေးဝေးခုန်နိုင်အောင်လေ့ကျင့်ထားရပါမယ်၅. သက်လုံစစ်ဆေးခြင်း၊ကျား မီတာ ၈၀၀ မိန်းကလေး မီတာ ၄၀၀ အကွာအဝေးကိုမရပ်မနားပြေးရပါမယ် စံချိန်ယူပါတယ် ဒါတွေအားလုံးက အခြေခံရွေးချယ်မှုပါ၊အထက်(၅)ချက်ကောင်းမွန်စွာ လုပ်နိုင်ရင်ကျန်းမာရေးကောင်းရင်သတ်မှတ်အရပ်ကိုယ်အလေးချိန်၊အသက်ကိုက်ညီမှုရှိရင်အားကစားလှုပ်ရှားမှုများကိုစိတ်ပါဝင်စားစွာလေ့ကျင့်နိုင်ရင်အားကစားနည်းအလိုက်အခြေခံကျွမ်းကျင်မှုစစ်ဆေးချက်များလုပ်ဆောင်နိုင်ရင်အားကာသိပ္ပံများမှ တံခါးဖွင့်ကြိုဆိုနေမှာပါအားကစားနည်အလိုက်သတ်မှတ် ချက်များနှင့်ကိုက်ညီသူများကို ရွေးချယ်ပြီး အားကစားသမားများကို အားကစားနည်းအလိုက် ခွဲပြီးလေ့ကျင့်ပေးသွားမှာပါ ပင်ကိုကျွမ်းကျင်လာသူ ဗီဇ ရှိသူများကို တော့ သူကျွမ်းကျင်သည့် အားကစားနည်းတွင် ဆက်လက်လေ့ကျင့်ပေးသွားမှာပါ အဓိကဘောလုံး၊ပြေးခုန်ပစ်၊ပိုက်ကျော်ခြင်း၊ဂျူဒို၊ကရာတေးအားကစားများကို လေ့ကျင့်သင်ကြားပေးသွားမှာဖြစ်ကြောင်း၊စိတ်ပါဝင်စားသည့်လူငယ်များအနေနှင့်မိမိနေထိုင်ရာ မြို့နယ်အားကစားနှင့်ကာယပညာဦးစီဌာနရုံးများတွင်ဆက်သွယ်၍အသေးစိတ်မေးမြန်းစုံစမ်းနိုင်ပါတယ်အနာဂါတ်အတွက် လူငယ်မျိုးဆက်သစ်အားကစားသမားများကိုဖိတ်ခေါ်ပါတယ်။ အသေးစိတ်သိရှိလိုပါက ရသေ့တောင်မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနရုံးသို့ ဆက်သွယ်စုံစမ်းမေးပြီး၊ တက်ရောက်လိုပါကစာရင်းပေးနိုင်ပါကြောင်းမြို့နယ်အား/ကာမှူးဦးအောင်မြင့်သိန်းမှရှင်းလင်းဆွေးနွေးဟောပြောခဲ့ပါသည်။
ထွန်းလင်းကျော်
https://t.me/MyanmarNationalPost


No comments:
Post a Comment