တံတားမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် (Talk Show) ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

တံတားမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် (Talk Show) ကျင်းပ


MNP  -   ဖေဖော်ဝါရီ ၈

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၌ ၂၀၂၃ခုနှစ် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် (Talk Show) ကို ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်က   ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုပြုဗဟိုဌာန (Community Centre )ခန်းမ၌ ကျင်းပသည်။


အဆိုပါ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် (Talk Show) ဆွေးနွေးပွဲတွင် တံတားမြို့အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းပြဆရာမဒေါ်စန်းစန်းဝင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်မိုးဖြူလွင်တို့က မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်ဖြစ်သည့် ပြည်ထောင်စုနေ့သည် တိုင်းရင်းသားအားလုံးတညီတညွတ်တည်း၊ တစ်သွေးတစ်သားတည်း၊ စည်းလုံးညီညွတ်မှုကို သက်သေထူပြနိုင်ခဲ့သောနေ့ဖြစ်ကြောင်း၊ မိမိတို့၏ဘိုးဘွားများသည် တိုင်းရင်းသားစည်းလုံးညီညွတ်မှုဖြင့် ကိုလိုနီခေတ်လွန်မြန်မာနိုင်ငံကို တည်ဆောက်နိုင်ခဲ့ကြောင်း၊ မျိုးဆက်သစ်များအနေဖြင့်လည်း ပြည်ထောင်စုအနှစ်သာရပြည့်ဝသည့် နိုင်ငံတော်ကြီးအဓွန့်ရှည်စေရန်၊ ထိန်းသိမ်းစောင့်ရှောက်ရန်လိုအပ်ကြောင်း၊ အတိတ်သမိုင်း၏လွတ်လပ်ရေးကြိုးပမ်းမှုတွင် ပြည်ထောင်စုစိတ်ဓာတ်သည်အရင်းခံဖြစ်ကြောင်း၊ အချင်းချင်းအပြန်အလှန်ချစ်ခင်လေးစားမှု၊ ယုံကြည်မှု၊စည်းလုံးညီညွတ်မှုများမှာ ပြည်ထောင်စုစိတ်ဓာတ်များပင်ဖြစ်ကြောင်းနှင့် ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။


ဖြိုးသီဟ

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)