ဘူးသီးတောင်မြို့၌လူငယ်နှင့်အချိန်အသိပညာပေး(TalkShow )ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဘူးသီးတောင်မြို့၌လူငယ်နှင့်အချိန်အသိပညာပေး(TalkShow )ဆောင်ရွက်


MNP  -   ဖေဖော်ဝါရီ ၂

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Youth Club)အဖွဲ့တို့ ပူးပေါင်း၍လူငယ်နှင့်အချိန်အသိပညာပေး(TalkShow)အစီအစဉ်ကို ယမန်နေ့မွန်းလွဲ ၃ နာရီ အချိန်က အဆိုပါဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ဆောင်ရွက်သည်။


အဆိုပါ (TalkShow)တွင် ဘူးသီးတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်ခင်စောမိုး၊ မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်း (YouthClub)အဖွဲ့ဝင် မောင်ကောင်းခန့်ကျော်တို့က လူငယ်တွေအတွက်အချိန်ဟာ ဘာကြောင့်အရေးကြီးသလဲ၊ လူတိုင်းအတွက်အချိန်ဟာ အကျိုးရှိပုံ၊ အချိန်ကို စီမံခန့်ခွဲတတ်မှု၊ စသည့်အကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့သည်။


ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘူးသီးတောင်မြို့နယ်ရုံးအနေဖြင့် လူငယ်များ၊ ပြည်သူများ အသိပညာဗဟုသုတများရရှိစေရန် Online မှတစ်ဆင့် အသိပညာပေး အစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ယနေ့ဆွေးနွေးဆောင်ရွက်ခဲ့သည့် လူငယ်နှင့်အချိန် အသိပညာပေး(TalkShow) အစီအစဉ်ကို ဘူးသီးတောင်မြို့နယ် ပြည်သူ့ စာကြည့်တိုက်Facebookpageတွင်တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


လှကျော်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)