USDP အပါအဝင် နိုင်ငံရေးပါတီ (၃)ပါတီ မှတ်ပုံတင်ခွင့် လျှောက်ထားပြီးဖြစ်ကြောင်း သိရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

USDP အပါအဝင် နိုင်ငံရေးပါတီ (၃)ပါတီ မှတ်ပုံတင်ခွင့် လျှောက်ထားပြီးဖြစ်ကြောင်း သိရ

 


MNP ၊ ဖေဖော်ဝါရီ ၉

ပြည်‌ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် နိုင်ငံရေးပါတီများ ဖွဲ့စည်းနိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၆ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် (၁၅/၂၀၂၃) ဖြင့် ဥပဒေသစ်ပြဋ္ဌာန်းခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၊ ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ နှင့် မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ (MPD) တို့က ဥပဒေ၊ နည်းဥပဒေများနှင့်အညီ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်ကို လျှောက်ထားပြီး ဖြစ်ကြောင်း သိရသည်။

ယခင်က နိုင်ငံရေးပါတီ (၉၁)ပါတီ ရှိခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ဇန်နဝါရီလ ၂၆ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် (၁၅/၂၀၂၃) ဖြင့် ဥပဒေသစ် ထုတ်ပြန်ကြေညာပြီးနောက် တည်ဆဲနိုင်ငံရေးပါတီများအနေဖြင့်လည်း ဆက်လက်ရပ်တည်ဆောင်ရွက်လိုပါက ရက်ပေါင်း (၆၀)အတွင်း ပြန်လည်မှတ်ပုံတင်ရမည်ဟူသော ပြဋ္ဌာန်းချက်ပါရှိသည်။

တည်ဆဲနိုင်ငံရေးပါတီများထဲမှ ဆက်လက်ရပ်တည်မည့် ပါတီ (၃)ပါတီသာ ထွက်ပေါ်လာသေးသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)