အာဆီယံဒေသတွင်း စီးပွားရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်ရေး (၉၆) ကြိမ်မြောက် ASEAN Business Advisory Council (ASEAN – BAC) အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အာဆီယံဒေသတွင်း စီးပွားရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်ရေး (၉၆) ကြိမ်မြောက် ASEAN Business Advisory Council (ASEAN – BAC) အစည်းအဝေးကျင်းပ


MNP ၊ မတ် ၉

ASEAN Business Advisory Council (ASEAN-BAC) ဥက္ကဋ္ဌ Mr. Arsjad Rasjid P.M. (ASEAN-BAC Indonesia) ဦးဆောင်သော အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ တာဝန်ရှိသူများ ပါဝင်တက်ရောက်သည့် (၉၆) ကြိမ်မြောက် ASEAN Business Advisory Council (ASEAN-BAC) အစည်းအဝေးကို ယမန်နေ့က Virtual Meeting ဖြင့် ကျင်းပခဲ့ပြီး ကုန်သည်စက်မှု အသင်းချုပ်မှ Senior Executive Advisor ဦးဇော်မင်းဝင်း၊ ဗဟိုအလုပ်အမှုဆောင် ဦးမိုးကျော် နှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အာဆီယံဒေသတွင်းနိုင်ငံများ ပူးပေါင်းချိတ်ဆက်၍ ဒေသတွင်း စီးပွားရေးခိုင်မာတောင့်တင်းပြီး အားကောင်း လာစေရေးအတွက် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ (၉၅) ကြိမ်မြောက် ASEAN-BAC အစည်းအဝေး၏ အကျဉ်းချုံး မှတ်တမ်းကိစ္စရပ်များ၊ ASEAN-BAC Malaysia Council မှ အဖွဲ့ဝင်အသစ်များ၏ မိတ်ဆက်ခြင်းအစီအစဉ်၊ အာဆီယံနိုင်ငံများ၏ Legacy Projects ဆိုင်ရာကိစ္စရပ်များ၊ AEM Retreat Dialogue အတွက် မူကြမ်းအစီရင်ခံစာ၊ သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းအဖွဲ့များ၏ ဆောင်ရွက်မှုအခြေအနေများ၊ ASEAN-BAC ဥက္ကဋ္ဌမှ Road Show အနေဖြင့် စင်ကာပူ၊ မလေးရှား၊ ဖိလစ်ပိုင် တို့ သွားရောက်ခဲ့သည့် အတွေ့အကြုံများကို ရှင်းလင်းဆွေးနွေးခြင်း စသည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အသီးသီး ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးတွင် အာဆီယံနိုင်ငံများဖြစ်သည့် ဗီယက်နမ်၊ ထိုင်း၊ ဘရူနိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ လာအို၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ကမ္ဘောဒီးယားနိုင်ငံများမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပြီး  ASEAN- BAC Myanmar အဖွဲ့ဝင်များဖြစ်သော ကုန်သည်စက်မှုအသင်းချုပ် (UMFCCI)၏ Senior Executive Advisor ဦးဇော်မင်းဝင်း၊ ဗဟိုအလုပ်အမှုဆောင် ဦးမိုးကျော်နှင့် IR Advisor ဦးတင့်ဆွေတို့ တက်ရောက်ခဲ့ကြသည်။


#MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)