ပေါက်မြို့နယ်၊ ညောင်ဝင်းမြောက်ကျေးရွာ အခြေခံပညာ မူလတန်းကျောင်း အတွင်းမှ PDF အမည်ခံအကြမ်းဖက်သမားများ သိုဝှက်သိမ်းဆည်းထားသည့် လက်နက်/ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်မြို့နယ်၊ ညောင်ဝင်းမြောက်ကျေးရွာ အခြေခံပညာ မူလတန်းကျောင်း အတွင်းမှ PDF အမည်ခံအကြမ်းဖက်သမားများ သိုဝှက်သိမ်းဆည်းထားသည့် လက်နက်/ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ



MNP ၊ မတ်  ၉

မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ညောင်ဝင်းမြောက်ကျေးရွာ အခြေခံပညာ မူလတန်းကျောင်းအတွင်းမှ PDF အမည်ခံအကြမ်းဖက်သမားများ သိုဝှက်သိမ်းဆည်းထားသည့် လက်နက်/ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်း ရမိကြောင်း သိရှိရသည်။


ဖြစ်စဉ်မှာ ပေါက်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ ဝင်များသည် ယနေ့နံနက် ၉ နာရီ ၃၅ မိနစ်ခန့်တွင် ညောင်ဝင်းမြောက်ကျေးရွာ၏ မြောက်ဘက် မီတာ ၃၀၀ ခန့်အကွာသို့အရောက်၌ PDF အမည်ခံကြမ်းဖက် သမားများက ကျေးရွာစာသင်ကျောင်းအနီးတဝိုက်မှ လက်နက်ငယ်များဖြင့် စတင် ပစ်ခတ်တိုက်ခိုက်သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ထိန်းထိန်းသိမ်းသိမ်းဖြင့် ပြန်လည် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမားများသည် ကျေးရွာ၏အနောက်တောင်ဘက် သို့ ဆုတ်ခွာ ထွက်ပြေးသွားခဲ့ပြီး ၎င်းနေရာတဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခဲ့ရာ ကျေးရွာရှိ အခြေခံပညာမူလတန်း ကျောင်းအတွင်းမှ အကြမ်းဖက်သမားများ သိုဝှက်သိမ်းဆည်းထားသည့် လက်လုပ် သေနတ် ၁၀ လက်၊ လက်လုပ်မိုင်း ၁၄ လုံး၊ လက်လုပ်ကျည်အိမ် ၃ ခု၊ ကျည်မျိုးစုံ ၈၈ တောင့်၊ လက်လုပ်ဗုံးသီး ၁၈ လုံး၊ ဝရိန်စက် ၁ လုံး၊ ကျောက်ဖြတ်စက် ၁ လုံး၊ လွန်စက် ၁ လုံး၊ ဒီတိုနေတာ ၃ ခု၊ ဆိုင်ကယ်မျိုးစုံ ၆ စီးနှင့် ဆက်စပ်ပစ္စည်းများ၊ ဆီ ၁၀ ပိဿာနှင့် ဆန် ၆ အိတ်တို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။


အထက်ပါဖြစ်စဉ်မှ ကလေးငယ်များ ပညာသင်ကြားရာစာသင်ကျောင်း၌ လက်နက်/ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိုဝှက်သိမ်းဆည်းထားသည့် အကြမ်းဖက်သမားများအား အမြန်ဆုံးဖမ်းဆီးရမိရေး၊ ဒေသခံပြည်သူများ အေးချမ်းတည်ငြိမ်စွာ နေထိုင်နိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့များက နယ်မြေလုံခြုံရေး လုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်လျက်ရှိကြောင်းနှင့် သိမ်းဆည်းရမိခဲ့သည့် လက်နက်/ခဲယမ်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)