MNP ၊ မတ် ၂၀
ATOM (အက်တမ်) စတား ပလက်တီနမ်အဆင့်ရှိသူများအတွက် အထူးသီးသန့်အကျိုးခံစားခွင့်များရရှိနိုင်မယ့် ATOM – CB Co-Branded MPU Credit Card (အကြွေးဝယ်ကတ်) စတင်မိတ်ဆက်ပွဲအခမ်းအနားကိုမတ်လ (၂၀) ရက်နေ့ က Melia ဟိုတယ် မှာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံရဲ့ ငွေရေးကြေးရေးသုံးစွဲမှုများကိုဒီဂျစ်တယ်စနစ်နဲ့အတူ ပိုမိုလွယ်ကူစွာအသုံးပြုနိုင်ရန်နှင့် အက်တမ်ကို ယုံကြည်စွာသုံးစွဲနေသူ ပလက်တီနမ်စတားတို့အတွက် ပိုမိုကောင်းမွန်တဲ့အကျိုးခံစားခွင့်တွေပေးအပ်နိုင်ရန် ရည်ရွယ်၍ ATOM – CB Co-Branded MPU Credit Card များကိုစတင်မိတ်ဆက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ATOM – CB Co-Branded MPU Credit Card မိတ်ဆက်ပွဲတွင် အက်တမ်မြန်မာ CEO Mr. Muhammad Ziaullah Siddiqui ၊ CB Bank ၏ Deputy CEO ဦးသိန်းဇော်ထွန်း နှင့် Managing Director ဦးဇေယျာအောင်၊ MPU CEO ဦးဇော်လင်းထွဋ်တို့က ATOM - CB Cobranded MPU အကြွေးဝယ်ကတ်နှင့် ပတ်သက်ပြီး အဖွင့်အမှာစကားများပြောကြားခဲ့ကြသည်။
အက်တမ်မြန်မာ ၊ CB Bank နှင့် MPU တို့က ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာသဘောတူစာချုပ်အား လက်မှတ်ရေးထိုးခဲ့ကြပြီး အကြွေးဝယ်ကတ် နှင့်ပတ်သက်ပြီး ရှင်းလင်းတင်ပြခဲ့ကြသည်။
အက်တမ်စတား ပလက်တီနမ်အဆင့်ရ သုံးစွဲသူတွေအနေနဲ့ ၂၀၂၃ ခုနှစ် မတ်လ (၂၀) ရက်နေ့က စတင်ပြီး ATOM – CB CO-Branded MPU အကြွေးဝယ်ကတ်တွေကို ATOM Store App နှင့် ATOM Website ကတစ်ဆင့် အလွယ်တကူတိုက်ရိုက်လျှောက်ထားနိုင်ကြောင်း သိရသည်။
#MyanmarNationalPost


No comments:
Post a Comment