ရွှေတောင်မြို့နယ်တွင် မွေးကင်းစအရွယ်မှစ၍ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံ/တိုက်ကျွေးခြင်းများ ဆက်လက် ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်တွင် မွေးကင်းစအရွယ်မှစ၍ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံ/တိုက်ကျွေးခြင်းများ ဆက်လက် ဆောင်ရွက်


MNP   -   မတ်   ၃

ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် မွေးကင်းစအရွယ်မှစ၍ အသက်(၂)နှစ်အောက် ကလေးများအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံ/တိုက်ကျွေးပေးခြင်းများကို ယမန်နေ့နံနက် ၉ နာရီအချိန်က စတင်ကာ ရွှေတောင်မြို့ မိခင်ကလေးကျန်းမာရေးဌာနတွင် ဆောင်ရွက်ပေးလျက်ရှိသည်။


ထိုသို့ ကာကွယ်ဆေး ထိုးနှံ/တိုက်ကျွေးပေးခြင်းများကို မြို့နယ်ကျန်းမာရေးဌာန၊ ဆရာဝန်ကြီး၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက မွေးကင်းစအရွယ်မှ စ၍ အသက်(၂)နှစ်အောက်ကလေးများကို ပုံမှန်ကာကွယ်ဆေးများဖြစ်သော ဘီစီဂျီ၊ အသည်းရောင် အသားဝါ (ဘီ)၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော(ရိုတာ)၊ ပိုလီယို၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗီ)၊ ဆုံဆို့-ကြက်ညှာ-မေးခိုင်-အသည်းရောင်အသားဝါ(ဘီ)-ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ဂျပန်ဦးနှောက်ရောင်၊ ဝက်သက်-ဂျိုက်သိုး စသည့်ဆေးများ ထိုးနှံ/တိုက်ကျွေးပေးခြင်း ဖြစ်သည်။ ကလေးများအား ကာကွယ်ဆေး ထိုးနှံ/တိုက်ကျွေးပေးရာတွင် မကျန်ရှိစေရေး အတွက် ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများက နှိုးဆော်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိပြီး ပုံမှန်ကာကွယ်ဆေးများအား လစဉ်ပထမအပတ်အတွင်း ထိုးနှံ/တိုက်ကျွေးပေးလျက်ရှိကြောင်း မြို့နယ်မိခင်ကလေး ကျန်းမာရေးဌာနမှ သိရသည်။


ကိုကိုမင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)