ရန်ကင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လူငယ်နှင့်စာပေ အသိပညာပေး Talk Show ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လူငယ်နှင့်စာပေ အသိပညာပေး Talk Show ကျင်းပ


MNP   -   မတ်   ၃

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် လူငယ်နှင့်စာပေအကြောင်း အသိပညာပေး Talk Show ကို ယနေ့နံနက် ၉:၃၀ နာရီက စာရေးဆရာမ မေမြတ်စန္နာနှင့် ရန်ကင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါ အသိပညာပေး Talk Show ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကင်းမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်အိရွှေစင်က ယနေ့လူငယ်များသည် အနာဂတ်တိုင်းပြည်၏ မျိုးဆက်သစ်ကလေးများဖြစ်ရာ အမိနိုင်ငံတော်အတွက် အရေးပါလှသော အဖိုးတန်လူ့ အရင်းအမြစ်ကလေးများ ပင်ဖြစ်ကြောင်းနှင့် မိမိတို့နိုင်ငံတော် အဘက်ဘက်က ဖွံ့ဖြိုးတိုးတက်လာစေရန် လူငယ်များသည် အဓိကအားဖြင့် စာပေတွင် မွေ့လျော်သင့်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။


သို့ဖြစ်ရာ စာရေးဆရာမ မေမြတ်စန္နာက “စာအုပ်စာပေလူ့မိတ်ဆွေ” ဆိုသည့် စကားအတိုင်း လူငယ်ကလေးများသည် စာအုပ်စာပေကို ချစ်မြတ်နိုးစွာ ဖတ်ရှုလေ့လာသင့်ကြောင်း စာအုပ်စာပေများထဲမှ အကျိုးရှိသော အနှစ်သာရများကို ကောက်နုတ်မှတ်သားပြီး၊ မိမိအတွက်၊ တိုင်းပြည် အတွက် အသုံချသင့်ကြောင်း ယနေ့ခေတ်သည် IT နည်းပညာထွန်းကားသောခေတ် ဖြစ်သည့်အညီ လက်ကိုင်ဖုန်းနဲ့သော်လည်း ကွန်ပြုတာဖြင့်သော်လည်းကောင်း မိမိတို့သိလိုသော အကြောင်းအရာများကို E-book ဖြင့် လေ့လာဖတ်ရှသင်ယူနိုင်ကြောင်း စာအုပ်စာပေမှ လူငယ်တို့တိုးတက်ရေးနည်းလမ်းကောင်းများ အတွေးအမြင်သစ်များ ရရှိလာမည်ဖြစ်ကြောင်း အသိပညာပေး ဆွေးနွေးခဲ့သည်။


ရန်ကင်းမြို့နယ်တွင် လူငယ်မောင်မယ်လေးများ စာပေဗဟုသုတ၊ စာပေအသိ၊ စာပေချစ်မြတ်နိုးစိတ်များ တိုးပွားနိုင်ကြစေရန်ရည်ရွယ်၍ အသိပညာပေးပွဲ များကို We Love Yankin Page နှင့် ပြည်သူ့စာကြည့်တိုက် Page တို့တွင် လွှင့်တင်ပေးသွားမည်ဖြစ်ရာ ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း ရန်ကင်းမြို့နယ် ဦးစီးမှူးမှ အသိပေးပြောကြားခဲ့ကြောင်း သတင်းရသည်။


အိရွှေစင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)